ညီညီမောင် (စမ်းချောင်း) ဆိုတဲ့နာမည်နဲ့ မိတ်ကပ်လောကမှာ ကျော်ကြားအောင်မြင်နေတဲ့ သုသုကတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင်ရတာကိုဝါသနာပါတဲ့ သုသုက ဟာသဗီဒီယိုလေးတွေ ရိုက်ကူးပြီး လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သုသုက သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေ လက်ခံရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ 

Photo Credit - Nyi Nyi Maung's FB
Photo Credit - Nyi Nyi Maung's FB
Photo Credit - Nyi Nyi Maung's FB

ဒီနေ့မှာတော့ သုသုက မင်းသမီးချောလေး ဝင့်ယမုံနိုင်နဲ့အတူ ကြော်ငြာရိုက်ကွင်းတစ်ခုမှာ ဆုံတွေ့ခဲ့ပြီး အမှတ်တရပုံလေးတွေ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ''ကျွန်မကမဟေသီ'' ဇာတ်လမ်းတွဲလေးနဲ့ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ ဝင့်ယမုံနိုင်ကိုတော့ သုသုက ''မြန်း'' လို့ချစ်စနိုးနဲ့ခေါ်လိုက်တာ ဖြစ်ပါတယ်။ သုသုက မြန်းနဲ့အတူ ရိုက်ကွင်းပေါ်မှာ ခွီခဲ့ရတဲ့အမှတ်တရလေးတွေကိုလည်း မျှဝေပေးထားပါတယ်။

Photo Credit - Nyi Nyi Maung's FB
Photo Credit - Nyi Nyi Maung's FB
Photo Credit - Nyi Nyi Maung's FB

သုသုက '' Wint Yamone Naing မြန်းနဲ့ ကြော်ငြာရိုက်လေးပါ BFF အမျိုးသမီးလစဉ် သုံး '' ဆိုပြီး ပုံလေးတွေတင်ထားတာပဲ ဖြစ်ပါတယ်။ ဟာသတွေလုပ်တတ်တဲ့ သုသုရဲ့အမူအရာလေးတွေကြောင့် ဝင့်ယမုံနိုင်တစ်ယောက် ရယ်မောနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သုသုနဲ့ ဝင့်ယမုံနိုင်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Nyi Nyi Maung's FB

Photo Credit - Nyi Nyi Maung's FB
Photo Credit - Nyi Nyi Maung's FB
Photo Credit - Nyi Nyi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။