သရုပ်ဆောင် မင်းသမီးချော လင်းဇာနည်ဇော်ကတော့ ပရိသတ်တွေလေးစားချစ်ခင်ရတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာသက်တမ်းအတော်ကြာရှိနေပြီဖြစ်တဲ့ လင်းဇာနည်ဇော်က အခုချိန်အထိ ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လင်းဇာနည်ဇော်က မိသားစုနဲ့အတူ ရွှေခေါက်ဆွဲလုပ်ငန်းကိုလည်း ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- Lin Zarni Zaw's FB
Photo Credit- Lin Zarni Zaw's FB
Photo Credit- Lin Zarni Zaw's FB

ပကာသနကင်းပြီး ဟန်ဆောင်မှုမရှိဘဲနေတတ်တဲ့ လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က အခုလည်း နိဗ္ဗာန်ဈေးပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ လင်းဇာနည်ဇော်က သူငယ်ချင်းခေါ်လို့ နိဗ္ဗာန်ဈေးပွဲကို ပထမဆုံးအနေနဲ့လည်ဖြစ်ခဲ့ကြောင်း ပရိသတ်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ညီအစ်မနှစ်ယောက်က ကလေးတွေလိုပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။

Photo Credit- Lin Zarni Zaw's FB
Photo Credit- Lin Zarni Zaw's FB
Photo Credit- Lin Zarni Zaw's FB

လင်းဇာနည်ဇော်က အစ်မဖြစ်သူနဲ့အတူ နိဗ္ဗာန်ဈေးပွဲမှာ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲရင်း လျှောက်လည်နေကြတာပဲ ဖြစ်ပါတယ်။ လင်းဇာနည်ဇော်က '' နိဗ္ဗာန်ဈေးပွဲကိုခုချိန်ထိတစ်ခါမှ မလည်ဖူးဘူး ဒီနေ့တော့သူငယ်ချင်းခေါ်လို့ ပထမဆုံးအနေနဲ့နယ်ကျော်နွှဲဖြစ်သွားတယ်..တကယ်ပျော်စရာအရမ်းကောင်း'' ဆိုပြီး ပုံလေးတွေကိုတင်ပေးထားတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Lin Zarni Zaw's FB

Photo Credit- Lin Zarni Zaw's FB
Photo Credit- Lin Zarni Zaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။