ပရိသတ်တွေချစ်ခင်အားပေးရတဲ့ ယွန်းဝတီလွင်မိုးဟာဆိုရင် ဖေဖေ့ရဲ့ အနုပညာအမွေတွေကို ဆက်ခံပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လှုပ်ရှားနေတာဖြစ်ပါတယ်။ပညာသင်ကြားနေတဲ့အရွယ်လည်းဖြစ်တာကြောင့် ဩစတေးလျမှာ ချစ်ခင်ပွန်းနဲ့အတူ ပညာသင်ကြားနေပြီး အခုဆိုရင် ကျောင်း၂လပိတ်လို့ မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG

ယွန်းဝတီလွင်မိုးက အရမ်းချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကို မွေးဖွားထားပြီး သားသားလေးကလည်း ၁နှစ်ကျော်အရွယ်လေးနဲ့တင် သူ့ကိုချစ်တဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ Liam လေးကို ဖိုးဖိုးလွင်မိုးနဲ့တူတယ်လို့ မှတ်ချက်ပေးကြပါတယ်နော်။ဖိုးဖိုးလွင်မိုးနဲ့ ဖွားဖွားမေသူတို့ကလည်း သေချာဂရုစိုက်စောင့်ရှောက်တာကြောင့် Liamလေးက ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာပါနော်။

Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG

ယွန်းဝတီလွင်မိုးဇနီးမောင်နှံနှစ်ယောက်ကတော့ မြန်မာပြည်ကိုပြန်ရောက်လာချိန်မှာ သားလေးနဲ့မိသားစုကို အချိန်အပြည့်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ လွင်မိုးတို့မိသားစုလေးရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ယွန်းဝတီလွင်မိုးတို့ မိသားစုက ပျော်ပျော်ပါးပါး လက်ဆုံစားနေကြတဲ့ပုံရိပ်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG

Photo Credit:yunwaddy's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။