Beauty Blogger မလေးနေခြည်ဦးဟာ အချိန်တိုအတွင်း အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတာကြောင့် ဝါရင့်အနုပညာရှင်တွေရဲ့ ချီးကျူးခြင်းတွေကို ရရှိထားသူတစ်ယောက်ပါ။ သူမဟာ မြန်မာနိုင်ငံတွင်သာမကဘဲ နိုင်ငံတကာပွဲအခမ်းအနားများကိုပါ တက်ရောက်နေရတဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ 

Photo Credit - Nay Chi Oo's Facebook
Photo Credit - Nay Chi Oo's Facebook
Photo Credit - Nay Chi Oo's Facebook

ချီချီရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ အခမ်းအနားဆုံးမေတ္တာ ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာပါ။ ချီချီရဲ့ ပရိသတ်တွေကလည်း သူမရဲ့ ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အားပေးရန် စောင့်မျှော်နေကြတာပါ။ လတ်တလောမှာလည်း အိ်မ်မက်တွေမိုးထားတယ့်အိမ်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတာပါ။  

Photo Credit - Nay Chi Oo's Facebook
Photo Credit - Nay Chi Oo's Facebook
Photo Credit - Nay Chi Oo's Facebook

အခုမှာလည်း ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့ အဆိုတော် မိုရာစကီဝင်းနဲ့အတူ ဂိမ်းလေးတွေဆော့ကာ ပျော်ရွှင်ကခုန်နေတဲ့ ချီချီရဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ သူတို့နှစ်ယောက်ဟာ ဒီဗီဒီယိုလေးထဲမှာ အတွဲညီစွာအတူတကွ ကခုန်နေကြတာပါ။ ပရိသတ်ကြီးအတွက် ချီချီနဲ့အဝင်းလေးတို့ရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Nay Chi Oo's Facebook Myday

Photo Credit - Nay Chi Oo's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။