ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နန်းဆုရတီစိုးကတော့ သီချင်းကောင်းလေးတွေကိုလည်း သီဆိုတာကြောင့် သူမရဲ့အသံချိုချိုလေးကို ပရိသတ်တွေက ကြိုက်နှစ်သက်ကြပါတယ်နော်။ဟိုးအရင်ခေတ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ကြော်ငြာတွေအများအပြားကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ပါတယ်နော်။

Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook

နန်းဆုက အခုနောက်ပိုင်းမှာတော့ တေးသီချင်းတွေကို သေသေချာချာလုပ်ကိုင်နေပြီး သူမရဲ့သီချင်းလေးတွေဟာဆိုရင်လည်း လူငယ်ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီးအောင်မြင်ပါတယ်နော်။မကြာသေးခင်လကမှ အသစ်ထွက်ရှိထားတဲ့ နန်းဆုရဲ့သီချင်းအသစ်လေးကလည်း ပရိသတ်တွေရဲ့ရင်ဘက်ကိုတိုက်ရိုက်ထိမှန်လို့ အရမ်းအောင်မြင်ခဲ့တဲ့သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook

လက်တလောမှာဆိုရင် နန်းဆုကတော့ ချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့အတူ တောင်ငူမြို့ရဲ့ မြို့တည်နန်းတည် (၅၀၉) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်မှာ တေးသီချင်းလေးတွေနဲ့ပါဝင်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။အရုပ်မလေးလိုအရမ်းချစ်စရာကောင်းတဲ့ နန်းဆုက ခန္ဓာကိုယ်လေးကို ချစ်စရာကောင်းအောင် လှုပ်ခါပြီး ကလေးလေးတစ်ယောက်လို ပျော်ရွှင်နေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာခဲ့ပါတယ်နော်။

Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook
Photo Credit:Nansu Yati Soe's Facebook

Photo Credit:Nansu Yati Soe's Facebook

Video Credit:Nansu Yati Soe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။