ပရိသတ်တွေရဲ့ အချစ်တော်ဆယ်လီစုံတွဲလေးတွေထဲမှာ အမြဲအားကျကြည်နူးစေတဲ့ စုံတွဲလေးကတော့ ရွှေရွှေစုံတွဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

အမြဲကြည်နူးအားကျစေပြီး ရိုမန်တစ်ဆန်လွန်းကြတဲ့ ရွှေရွှေတို့ အသည်းကျော်စုံတွဲလေးကတော့ နိုဝင်ဘာ(၁၁)ရက်နေ့ မင်္ဂလာနှစ်ပတ်လည်နေ့လေး ကျရောက်ခဲ့ပြီး အိမ်ထောင်သက်တမ်း(၁)နှစ်ပြည့် သွားခဲ့ပြီ ဖြစ်ပါတယ်နော်..။


Photo Credit - Shwe Mhone Yati’s Facebook
Photo Credit - Shwe Mhone Yati’s Facebook
Photo By Myanmarload

ပရိသတ်အချစ်တော်လေး ရွှေမှုံရတီကတော့ မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်နေ့လေးမှာ ခင်ပွန်းဖြစ်သူနဲ့အတူ ကြည်နူးခဲ့ကြတဲ့ အမှတ်တရလေးတွေနဲ့ ရင်သွေးလေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ နှစ်ယောက်အတူ ခရီးတွေ ထွက်ခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည်ကြည်နူးနူးလေး ဘုရားဖူးကုသိုလ်ယူခဲ့ကြတာဖြစ်ပြီး ခရီးထွက်ဖြစ်တဲ့အကြောင်းလေးကို ပြောပြထားသလို ပရိသတ်တွေမျှော်လင့်နေကြတဲ့ ရင်သွေးလေးကိုတော့ လတ်တလောမှာ မယူဖြစ်သေးပဲ နောက်နှစ်အနည်းငယ်နေမှ ယူဖြစ်မယ့် အကြောင်းလေးကို ပြောပြထားတာပါ..။


Photo By Myanmarload
Photo By Myanmarload
Photo Credit - Shwe Mhone Yati’s Facebook

ရင်သွေးလေးကို နောက်(၄)၊ (၅)၊ (၈)နှစ်လောက်မှ ယူဖြစ်မယ့် အကြောင်းလေးနဲ့ ရွှေထူးက သီချင်းထဲမှာ သူမရဲ့နာမည်လေး ထည့်ဆိုခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ရွှေမှုံလေးက ပြောပြထားပါသေးတယ်နော်..။

အလှူအတန်းတွေလည်း အမြဲလုပ်ဖြစ်သလို ဒီလထဲမှာလည်း အလုပ်လုပ်ဖို့ရှိတဲ့ အကြောင်းလေးတွေကို ပြောပြထားတဲ့ ရွှေမှုံလေးရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။



Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

Photo Credit - Shwe Mhone Yati’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။