ပရိသတ်ကြီးရေ ကလေးဘဝကတည်းက စိန်ဘယက်ဆေးကြော်ငြာနဲ့ ပရိသတ်တွေစတင်သတိထားမိလာတဲ့ မင်းသားချောလေးသူရိယကတော့ အခုချိန်မှာဆိုရင် ခန့်ညားချောမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး နှုတ်ခမ်းနီမလေးတွေဝိုင်းဝိုင်းလည်အားပေးရတဲ့ အနုပညာရှင်တစ်လက်ဖြစ်နေပါပြီနော်။ပရိသတ်တွေကတော့ သူရိယတို့မောင်နှမတွေရိုက်ကူးတဲ့ စိန်ဘယက်ဆေးကြော်ငြာကို အမြဲတမ်းမှတ်မိနေကြတာဖြစ်ပါတယ်။

Photo Credit:Thu Riya's Facebook
Photo Credit:Thu Riya's Facebook
Photo Credit:Thu Riya's Facebook

သူရိယကလည်း အနုပညာကိုကြိုးစားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကလည်း လက်ခံအားပေးကြသလို သူ့ရဲ့ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း အားပေးကြည့်ရှု့ကြပါတယ်။လက်တလောမှာဆိုရင် သူရိယရဲ့အချစ်ရေးနဲ့ပက်သက်ပြီးတော့လည်း ပရိသတ်တွေက စိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြတာပါနော်။သူရိယကတော့ ပုံမှန်အတိုင်းလေးနေပြီး အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနေတာဖြစ်ပါတယ်။

Photo Credit:Thu Riya's Facebook
Photo Credit:Thu Riya's Facebook
Photo Credit:Thu Riya's Facebook

သူရိယက အခုဆိုရင် စိတ်ကိုအနားပေးတဲ့အနေနဲ့ ဘုန်းကြီးဝတ်နေတာဖြစ်ပြီး သူရိယရဲ့ဘွဲ့နာမည်ကတော့ "ဥပဉ္ဇင်း နာယက"ဖြစ်ပါတယ်။စိတ်အေးချမ်းသာစွာ တရားဘာဝနာတွေပွားများနေပြီး လောကုတ္တရာအကျိုးတွေကို သယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်။စိတ်အေးချမ်းနေတာကြောင့် ဥပဉ္ဇင်းရဲ့မျက်နှာတော်လေးက ကြည်လင်ဝင်းပနေပြီး ပူလောင်မှုတွေကင်းဝေးနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thu Riya's Facebook
Photo Credit:Thu Riya's Facebook
Photo Credit:Thu Riya's Facebook

Photo Credit:Thu Riya's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။