အဆိုတော်မလေး Bobby Soxer ကတော့ Rap ၊ Pop နဲ့ R & B စတဲ့ဂီတအမျိုးအစားအစုံအလင်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သီဆိုနိုင်စွမ်းရှိသူလေး ဖြစ်ပါတယ်။ သီချင်းကောင်းကောင်းလေးတွေကို ကိုယ်တိုင်သီဆိုလေ့ရှိသလို ကိုယ်တိုင်လည်း ရေးစပ်ဖန်တီးလေ့ရှိတဲ့ B Sox က လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် B Sox က ချစ်သူဖြစ်တဲ့ လွှမ်းပိုင်နဲ့အတူတွဲပြီး ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV

ချစ်သူသက်တမ်း (၁၀) နှစ်ကျော်ရှိနေပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ B Sox တို့စုံတွဲလေးကိုတော့ ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ အားကျနေရတာ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ သစ္စာမပျက်ဘဲ လက်တွဲတွေခိုင်မြဲနေတာ ဖြစ်ပါတယ်။ အခုလည်း Bobby Soxer က လွှမ်းပိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ " ရပ်ကျော်ရွာကျော် " ရုပ်ရှင်ဇာတ်ကားကြီးကို press show ပွဲအထိလိုက်ပြီး အားပေးခဲ့ပါတယ်။

Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV

မနေ့က Junction City မှာ ကျင်းပပြုလုပ်တဲ့ " ရပ်ကျော်ရွာကျော် " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ press show ပွဲကို B Sox က လွှမ်းပိုင်နဲ့အတူ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ လိုက်ဖက်ညီစွာတွေ့မြင်ရတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ ဘယ်သွားသွားအတူတူတွေ့ရပြီး ကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လွှမ်းပိုင်နဲ့ B Sox တို့ချစ်သူနှစ်ဦးရဲ့ပွဲတက်ပုံလေးတွေကို ပြန်လည်မျှဝေေပေးလိုက်ပါတယ်နော်။ 

Source: Htet Htet Aung's FB

Photo Credit-RBV 

Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။