အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေရုံသာမက လူအများအားကျရတဲ့ မိသားစုဘဝလေးကို ရရှိထားသူကတော့ ပြည်သူချစ်မင်းသမီးလေး အိန္ဒြာကျော်ဇင်ပါ။ အူဝဲရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကိုလည်း တစ်ကားနဲ့တစ်ကား ကာရိုက်တာမတူအောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေက တစ်ခဲနက် အားပေးကြတာပါ။  

Photo Credit - Eaindra Kyaw Zin's Facebook Page
Photo Credit - Eaindra Kyaw Zin's Facebook Page
Photo Credit - Eaindra Kyaw Zin's Facebook Page

လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံပြိုင်တင်နေတာပါ။ ဒီဇာတ်ကားကြီးတွေဟာလည်း လတ်ရှိမှာ လူအများရဲ့အားပေးမှုတွေကို ရရှိထားတာပါ။ အူဝဲရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဒီဇာတ်ကားကြီးတွေရဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရ ဗီဒီယိုလေးတွေကို ဝေမျှထားတာပါ။

Photo Credit - Eaindra Kyaw Zin's Facebook Page
Photo Credit - Eaindra Kyaw Zin's Facebook Page
Photo Credit - Eaindra Kyaw Zin's Facebook Page

အခုမှာလည်း ရိုးမပေါ်က မျက်ရည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်တဲ့ ကိုတိုးကာရိုက်တာကို ပိုမိုပေါ်လွင်အောင် လုပ်ဆောင်ခဲ့ရတဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရဗီဒီယိုလေးတွေကို ဝေမျှထားတာပါ။ " ရိုးမထဲက ကိုတိုးဖြစ်ဖို့အတွက် ကားရိုက် မဝင်ခင် ဆံပင်ပြင်ဆင်ပုံ အဆင့်ဆင့်....

ဆံပင်အတုအရှည်တခုကို ခေါင်းမှာစွပ်ပြီး ခုခေတ် ယောက်ျားလေး ဆံပင်မဟုတ်တဲ့ ၁၉၈၀ ဝန်းကျင်က ရွာမှာရှိတဲ့ ယောက်ျားလေးများ အထားများတဲ့ ဘုတ်သိုက် ဆံပင်ပုံစံကို "The Salon” မှာ သွားညှပ်ခဲ့ပါတယ်...

ဆံပင်အတုအတိုကိုကောက်စွပ်ပြီးရိုက်ရင် လွယ်ပေမဲ့ ပုံကျပြီး စတိုင်မိုက်နေမှာစိုးလို့ ဟိုမရောက်ဒီမရောက် သိပ်ပုံပန်းမကျအောင်ဖြစ်ချင်လို့ ဆံပင်ဆိုင်က အမနဲ့ တိုင်ပင်ပြီးညှပ်ခဲ့ပါတယ်..." ဆိုပြီး ရေးသားဝေမျှထားတာပါ။ ပရိသတ်တွေအတွက် အူဝဲရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Eaindra Kyaw Zin's Facebook Page

Photo Credit - Eaindra Kyaw Zin's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။