photo credit - Evil Geniuses

Mid God လို့လူအများကတင်စားကြတဲ့ Sumail ကတော့ Ti 9 အပြီး EG ကထွက်ပြီးထဲက အနည်းငယ်ကြောင်ပြောက်နေခဲ့တာပါ။

အကိုဖြစ်သူ Yawar နဲ့ ှQuincy Crew ဆိုတဲ့ အသင်းသစ်ဖွဲ့ပြီး ကစားခဲ့ပေမယ့်လည်း အဆင်မပြေခဲ့တာကြောင့် ၎င်းအသင်းကနေထွက်ပြီး coach ပြန်လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

အခုဆိုရင် 2019 – 2020 DPC season က အသင်းကြီးတွေအားလုံးနီးပါးကလည်း သူတို့ရဲ့ roster ကိုကြေညာပြီးခဲ့ပြီဖြစ်တာကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့ Sumail အနေနဲ့ Ti 10 ပါဝင်ကစားနိုင်ဖို့တောင် မသေချာသေးပါဘူး။

Roster ကြေညာဖို့ကျန်ရှိနေသေးတဲ့ OG အသင်းအနေနဲ့လည်း သူတို့ရဲ့ roster ထဲမှာ Sumail ကိုခေါ်ယူထည့်သွင်းဖို့ဆိုတာ ရာခိုင်နှုန်းအရမ်းနည်းလှသလို Team Liquid အနေနဲ့လည်း သူတို့ရဲ့ same roster အတိုင်းပဲ ပြန်လည်ထွက်ပေါ်လာမှာဆိုတော့ Sumail အနေနဲ့ဘာတွေဆက်လုပ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Ti အရမ်းကစားချင်တဲ့ Sumail ကို Ti 10 နီးမှ ပဲ pro scene ပေါ်မှာပြန်မြင်ရမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။