ကိုရီးယားမလေးလိုအသားအရည်မျိုးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကတောင် အားကျနေရသူကတော့ မင်းသမီးချောလေး နန်းဆုရတီစိုးပါ။ သူမဟာ ဆယ်စုနှစ်ကျော်အောင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ပါ။ သူမရဲ့ ချိုသာလွန်းတဲ့အသံလေးဟာလည်း ပရိသတ်တွေကို တစ်မျိုးလေးဆွဲဆောင်နေတာပါ။ 

Photo Credit- Nansu Yati Soe’s Facebook
Photo Credit- Nansu Yati Soe’s Facebook
Photo Credit- Nansu Yati Soe’s Facebook

လတ်တလောမှာလည်း မြန်မာနိုင်ငံအနှံ့ပွဲအခမ်းအနားတွေတက်ရောက်နေရတာပါ။ သူမရဲ့ပွဲတက်ဖက်ရှင်လေးတွေဟာလည်း တစ်ပွဲနဲ့တစ်ပွဲမထပ်ရအောင် လှပလွန်းနေတာပါ။ အခုမှာလည်း သူမရဲ့ပုံရိပ်လေးတွေ လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပါ။ 

Photo Credit- Nansu Yati Soe’s Facebook
Photo Credit- Nansu Yati Soe’s Facebook
Photo Credit- Nansu Yati Soe’s Facebook

နန်းဆုရဲ့ Facebook Myday တွင်လည်း " သိန်း ၃၀၀၀ ထောင်ကျော်တန် ရွှေနဲ့စိန်ယက်လုပ်ထားတဲ့ အင်္ကျီ " ဆိုပြီး တင်ထားတာပါ။ နန်းဆုဟာ အောင်သမာဓိရွှေဆိုင်အတွက် ကြော်ငြာရိုက်ကူးပေးနေတာပါ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source- Nansu Yati Soe’s Facebook

Photo Credit- Nansu Yati Soe’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။