သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ အကယ်ဒမီဆုရရှိထားပြီးသားဖြစ်တဲ့ ဝါရင့်အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ တစ်ချိန်က ပရိသတ်တွေရဲ့နှလုံးသားကိုလှုပ်ခတ်နိုင်စွမ်းရှိခဲ့တဲ့ ခင်ဇာခြည်ကျော်က ယနေ့အချိန်ထိလည်း နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးကိုပါ အနုပညာအမွေပေးထားပြီး သူတို့ဝါသနာပါတဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်စေတာ ဖြစ်ပါတယ်။

Photo Credit- Khinzar Chikyaw Zar's FB
Photo Credit- Khinzar Chikyaw Zar's FB
Photo Credit- Khinzar Chikyaw Zar's FB

ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးကလည်း အမတေူအချောလေးတွေဖြစ်ကြသလို အရည်အချင်းရှိကြတာကြောင့် ပရိသတ်တွေကြားမှာ နေရာတစ်နေရာရရှိနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ခင်ဇာခြည်ကျော်ရဲ့သမီးချောလေး ထင်သစ္စာက မေမေနဲ့အတူ ပွဲအခမ်းအနားတိုင်းကိုတက်ရောက်လေ့ရှိတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ ခင်ဇာခြည်ကျော်တို့သားအမိက Tik Tok ကစားရတာဝါသနာပါပြီး အခုလည်း သီချင်းလေးတစ်ပုဒ်နဲ့ Tik Tok ဗီဒီယိုလေးရိုက်ကူးခဲ့ကြပါတယ်။

Photo Credit- Khinzar Chikyaw Zar's FB
Photo Credit- Khinzar Chikyaw Zar's FB
Photo Credit- Khinzar Chikyaw Zar's FB

ခင်ဇာခြည်ကျော်က အဆိုတော်မိစန္ဒီရဲ့ " ဈေးဗန်းခင်းမယ် " သီချင်းလေးကို သမီးလေးထင်သစ္စာနဲ့အတူ Tik Tok ကစားပြလိုက်တာပဲ ဖြစ်ပါတယ်။ အိုက်တင်အပြည့်နဲ့ သရုပ်ဆောင်ပြထားတဲ့ ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးကတော့ ပရိသတ်တွေကို အချစ်ပိုစေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ခင်ဇာခြည်ကျော်တို့သားအမိရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Khinzar Chikyaw Zar's FB & Tik Tok 

Photo Credit- Khinzar Chikyaw Zar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။