ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောမေပန်းချီကတော့ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို သရုပ်ဆောင်ကောင်းမှုတွေအပြင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး အမိုက်စားဖက်ရှင်လေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးလည်း ဖြစ်ပါတယ်နော်..။


Photo Credit - May Panche’s Facebook
Photo Credit - May Panche’s Facebook

ပရိသတ်အချစ်တော်လေး မေပန်းချီကတော့ လတ်တလောလူမှုကွန်ယက်နဲ့ ပရိသတ်တွေကြား ရေပန်းစားလူပြောများနေတဲ့ MTV သီချင်းတစ်ပုဒ်နဲ့ ပတ်သက်ပြီး ရှုံ့ချလိုက်ကြောင်း ပြောပြလာခဲ့ပါတယ်..။

အကြမ်းစားသရုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မိသားစုတွေ လူငယ်တွေနဲ့ ကလေးတွေလည်း ကြည့်လို့ အဆင်မပြေသလို တစ်ယောက်တည်းကြည့်တာတောင် ရှက်လို့ ၁၀၀% ရှုံ့ချတယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - May Panche’s Facebook
Photo Credit - May Panche’s Facebook
Photo Credit - May Panche’s Facebook

မေပန်းချီကတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားသလို အင်တာဗျူးဗီဒီယိုတွေမှာလည်း ကလေးတွေတောင် ဖေ့စ်ဘွတ်သုံးနေကြတဲ့ ခေတ်ကြီးမှာ ဒီ MTV က ဖွင့်ကြည့်လို့ မသင့်တော်တဲ့အကြောင်း ပြောရင်း ဝေဖန်ရှုံ့ချလိုက်တဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ ဝေဖန်ရှုံ့ချလိုက်တဲ့ MTV လေးနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မေပန်းချီပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - May Panche’s Facebook
Photo Credit - May Panche’s Facebook

Photo Credit - May Panche’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။