မင်းသမီးချောလေး ဆုအိမ်စံလို့ဆိုလိုက်တာနဲ့ ရင်ခုန်စွဲမက်ဖွယ်ကောင်းတဲ့ ကောက်ကြောင်းအလှပိုင်ရှင်လေးဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ ဆုအိမ့်စံက ဘိုဆန်ဆန်လှနေတဲ့ မျက်နှာလေးနဲ့အတူ အချိုးအစားပြေပြစ်လှတဲ့ ကိုယ်လုံးလေးကိုမှ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆုအိမ့်စံကို ယောက်ျားလေးပရိသတ်တွေက အပြတ်အသတ်ဝန်းရံအားပေးနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit- Hsu Eaint San's FB
Photo Credit- Hsu Eaint San's FB
Photo Credit- Hsu Eaint San's FB

လတ်တလောမှာတော့ ဆုအိမ့်စံအနေနဲ့ အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်နေသလို " Dancing With The Stars " ဆိုတဲ့ အစီအစဉ်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ နူးညံ့သိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်အဖြစ် အမြဲတမ်းမြင်တွေ့ရတဲ့ ဆုအိမ်စံက ပရိသတ်တွေကို ရင်ခုန်သံမြန်အောင် ပြုစားနိုင်စွမ်းရှိတာလည်း ဖြစ်ပါတယ်။ အခုလည်း ဆုအိမ့်စံက Tik Tok ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်ကို အရယူလိုက်ပြန်ပါတယ်။

Photo Credit- Hsu Eaint San's FB
Photo Credit- Alinn Yaung
Photo Credit- Hsu Eaint San's FB

ဆုအိမ်စံက အခုလတ်တလောမှာ နာမည်ကြီးရေပန်းစားနေတဲ့ အင်္ဂလိပ်သီချင်းလေးတွေနဲ့ Tik Tok ကစားပြလိုက်တာပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဆုအိမ့်စံရဲ့ ချစ်စဖွယ်အမူအရာလေးတွေနဲ့ Tik Tok ဗီဒီယိုလေးတွေကတော့ ပရိသတ်တွေကြားမှာ ကြည့်ရှုသူများပြားနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဆုအိမ့်စံရဲ့ချစ်စရာဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Hsu Eaint San's FB & Tik Tok 

Photo Credit- Hsu Eaint San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။