ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး ချောရတနာကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေပြီး အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ကြော်ငြာတွေလက်ခံရိုက်ကူးပြီး ပွဲအခမ်းအနားတွေကို တက်ရောက်နေတာဖြစ်ပါတယ်။မိသားစုအပေါ်မှာ လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေလှုပ်ရှားမှုနည်းနေပေမယ့်လည်း ပရိသတ်တွေကတော့ ချစ်ခင်အားပေးကြဆဲပဲဖြစ်ပါတယ်။

Photo Credit;Chaw Yadanar's Facebook
Photo Credit;Chaw Yadanar's Facebook

ချောရတနာက ကလေးနှစ်ယောက်မွေးဖွားထားတဲ့ မိခင်တစ်ယောက်လို့ ထင်ရက်စရာမရှိလောက်အောင် လှပပျိုမျစ်ပြီး ကျက်သရေရှိတဲ့အလှအပတွေကို ပိုင်ဆိုင်ထားဆဲပါနော်။ပရိသတ်တွေကတော့ မပြောင်းလဲသွားတဲ့ချောရတနာရဲ့အလှအပတွေကို ချီးကျူးကြပြီး အားကျနေရတာဖြစ်သလို သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း စောင့်မျှော်နေကြတာပါနော်။

Photo Credit;Chaw Yadanar's Facebook
Photo Credit;Chaw Yadanar's Facebook
Photo Credit;Chaw Yadanar's Facebook

အခုဆိုရင်တော့ ချောရတနာက သူမရဲ့ ၁၀တန်းကျောင်းသူဘဝတုန်းက သူငယ်ချင်းတွေနဲ့အမှတ်တရရိုက်ထားတဲ့ ဓာတ်ပုံလေးကို မျှဝေလာတာဖြစ်ပါတယ်။ငယ်ငယ်လေးကတည်းက ဆံနွယ်ရှည်ရှည်လေးနဲ့ ယဉ်စစလှခဲ့ပြီး ဆယ်ကျော်သက်အရွယ်လှသွေးကြွယ်နေတဲ့အချိန်လေးမှာ အလှပန်းလေးတွေဖူးပွင့်နေတဲ့ ငယ်ငယ်ကပုံရိပ်လေးကိုပြန်ကြည့်ပြီး လွမ်းမောတမ်းတနေတာဖြစ်ပါတယ်။

Photo Credit;Chaw Yadanar's Facebook/Bling Bling Photography
Photo Credit;Chaw Yadanar's Facebook
Photo Credit;Chaw Yadanar's Facebook

Photo Credit;Chaw Yadanar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။