ပရိသတ်တွေရဲ့ အချစ်တော် ဆယ်လီအနုပညာရှင်တွေထဲမှာ အဆိုတော် သရုပ်ဆောင်မင်းသားချောလေး အုပ်စိုးခန့်ကလည်း အမိုက်စားတေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရင်ထဲနေရယူထားသူလေးပဲ ဖြစ်ပါတယ်..။

ဂီတပိုင်းမှာ အသံချိုချိုလေးနဲ့ သီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေ အခိုင်အမာနဲ့ အောင်မြင်နေသလို သရုပ်ဆောင်ပိုင်းမှာလည်း လတ်တလောမှာ “ကျောက်သင်ပုန်းတွေမိုးထားတဲ့ အိမ်” ဇာတ်ကားကို ရိုက်ကူးနေပါတယ်နော်..။


Photo Credit - OakSoe Khant’s Facebook
Photo Credit - OakSoe Khant’s Facebook

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ပညာရေးမှာလည်း ကြိုးစားပြီး ရသမျှအနုပညာကြေးတွေ အားလုံးကိုလည်း အကုန်ပြန်အပ်ကာ မိဘတွေအပေါ် သိတတ်တဲ့ သားလိမ္မာလေးတစ်ယောက်လည်း ဖြစ်ပါတယ်နော်..။

သားတစ်ယောက်အနေနဲ့ မိဘတွေလိုချင်တာလေးတွေကို ဖြည့်ဆည်းပေးချင်ပြီး မိဘတွေကို ကျေးဇူးဆပ်ချင်လို့ ရသမျှအနုပညာကြေးငွေတွေ အားလုံးကို အကုန်ပြန်အပ်ဖြစ်တဲ့အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်နော်..။


Photo Credit - OakSoe Khant’s Facebook
Photo Credit - OakSoe Khant’s Facebook

မေမေလိုချင်နေတဲ့ Chanel brand အိတ်လေးကို ပြီးခဲ့တဲ့ရက်ပိုင်းက လက်ဆောင်ဝယ်ပေးခဲ့သလို ဖေဖေအရမ်းလိုချင်နေတဲ့ ကားကိုလည်း ဝယ်ပေးချင်သေးတယ်ဆိုပြီးတော့လည်း အုပ်စိုးခန့်က ပြောပြထားပါသေးတယ်နော်..။

မိဘတွေလိုချင်တာလေးတွေ ဖြည့်ဆည်းကာ လုပ်ကျွေးပြုစုချင်တဲ့အကြောင်းလေးနဲ့ လတ်တလောအနုပညာလှုပ်ရှားမှုလေးတွေအကြောင်း ပြောပြထားတဲ့ အုပ်စိုးခန့်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Maung Thein’s Facebook
Photo Credit - Yin Yin Aye's Facebook

Photo Credit - OakSoe Khant’s Facebook ၊ Yin Yin Aye's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။