Masha ဆိုတဲ့ Hero ဟာဆိုရင်တော့ သိပ်မကြာသေးတဲ့ အချိန်တုန်းက ထွက်ရှိထားတာလို့ ပြောလို့ရပါတယ်။ Moontoon ကလဲ နောက်ထွက်လာမဲ့ Update မှာလဲ သူမကို Buff ဖို့အလာအလားရှိနေပါတယ်။ သူမကို Buff လိုက်ရင်တော့ Masha Player တွေအနေနဲ့ တော်တော်လေးကို ကျေနပ်စရာဖြစ်ပြီး High Rank မှာ Ban ခံရနိုင်တဲ့ အလာအလားရှိပါတယ်။ ခုချိန်မှာလဲ သူမကိုထိန်းရခတ်တယ်လို့ပြောရမှာပါပဲ။ 

Photo Credit : Screenshot From Mobile Legends Game

သူမမှာ Skill 4 ခုပါပါတယ်....တစ်ခုကတော့ သူမအတွက် မပါမဖြစ်လိုတဲ့ Skill တစ်ခုပေါ့။ Skill 1 ကိုဖွင့်သုံးလိုက်တဲ့အချိန်မှာဆိုရင် ကိုယ့်ရဲ့ရွှေ့လျားနှုန်းနဲ့ ရန်သူရဲ့သွေးအပေါ်မူတည်ပြီး Damage အပိုထိခိုက်မှာဖြစ်ပါတယ်။ တစ်ခုပြောဖို့ ကျန်ခဲ့တာက သူမမှာ သွေး၃တန်းပါပါတယ်....သူမရဲ့ Skill တိုင်းက သူမရဲ့သွေးကိုပဲ သုံးရတာဖြစ်ပါတယ်။ Skill 1 ကအချိန်တိုင်းဖွင့်ထားလို့ရပါတယ်။ ဖွင့်ထားတဲ့အချိန်တောက်လျှောက်မှာ သွေးတွေလျော့နေမှာဖြစ်ပါတယ်။ Skill 2 ကတော့ အတွင်းအားလှိုင်းတစ်ခုကို အော်လိုက်ကာ ထိတဲ့ Hero က Damage လဲထိသလို Basic Attack လဲခုတ်လို့မရတော့ပါဘူး။ အဲ့ဒါကြောင့် By 1 ခုတ်ရင် ရှုံးနိုင်ချေများပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

Ulti ကတော့ သူမရဲ့သွေးတစ်တန်းရဲ့ တစ်ဝက်ထိကုန်လောက်အောင် အရှိန်နဲ့ပြေးတိုက်တာဖြစ်ပြီး Damage လဲထိကာ ၉၀ရာခိုင်နှုန်းထိ ရန်သူကို နှေးနေစေပါတယ်။ အပိုတစ်ခုပါတဲ့ Skill ကတော့ သူမရဲ့သွေးတစ်တန်းလုံးကို ပြန်ဖြည့်စေပါတယ်။ အောက်က အဝါတန်းလေးပြည့်ပြီး ရန်သူကိုမတိုက်ခိုက်တဲ့အချိန် ရန်သူက ကိုယ့်ကိုမတိုက်ခိုက်ချိန်မှာ သုံးလို့ရပါတယ်။ Passive ကတော့ သူမသွေးနည်းလေ ပိုကြမ်းလေပါပဲ...ထိန်းမနိုင်အောင်ကြမ်းလေပါပဲ..အတန်းလိုက်မှာ ရရှိတဲ့ Passive တွေရှိပါတယ်။ Item နဲ့ Emblem ကတော့ Global 1 ဆိကနေ ဖော်ပြလိုက်ပါတယ်။ Push လို့ကောင်းတဲ့ Hero ဖြစ်ပြီး Admin ကတော့ Arrival နဲ့ဆော့ပါတယ်။   

Photo Credit : Screenshot From Mobile Legends Game

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။