ကျစ်လျစ်တောင့်တင်းတဲ့ အမိုက်စား Body နဲ့ မိန်းကလေးပရိသတ်တွေရဲ့အသည်းကိုဖမ်းစားထားသူကတော့ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော အောင်ရဲလင်းပဲ ဖြစ်ပါတယ်။ အောင်ရဲလင်းကတော့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်စဉ်ကတည်းက နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်ခဲ့ရတဲ့ မင်းသားတစ်လက်ဆိုရင်လည်း မမှားပါဘူးနော်။ အောင်ရဲလင်းက စမတ်ကျကျဝတ်စားဆင်ယင်တတ်ပြီး အမြဲတမ်းစတိုင်ကျနေတတ်တာ ဖြစ်ပါတယ်။

Photo Credit- deep_ayl's IG
Photo Credit- deep_ayl's IG
Photo Credit- deep_ayl's IG

နိုင်ငံခြားမင်းသားတစ်ဦးလို ချောမောခန့်ညားပြီး ဖက်ရှင်အမြင်ရှိတဲ့ အောင်ရဲလင်းကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုချောမောလို့လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ အောင်ရဲလင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရသလို ကြော်ငြာနဲ့ Photo Shooting တွေလည်း လက်ခံရိုက်ကူးနေရပါတယ်။ တစ်ခါတစ်လေမှသာ လူမှုကွန်ယက်မှာပုံတင်လေ့ရှိတဲ့ အောင်ရဲလင်းက အခုတော့ သူရဲ့ငယ်ဘဝပုံရိပ်လေးကို မျှဝေထားပါတယ်။

Photo Credit- deep_ayl's IG
Photo Credit- deep_ayl's IG
Photo Credit- deep_ayl's IG

အောင်ရဲလင်းက " 25 Years Ago " ဆိုပြီး လွန်ခဲ့တဲ့ (၂၅) နှစ် ကလေးဘဝအရွယ်က ပုံရိပ်လေးကိုတင်ထားတာပဲ ဖြစ်ပါတယ်။ အောင်ရဲလင်းက ပရိသတ်တွေတော်ရုံမမြင်ဖူးသေးတဲ့ သူ့ရဲ့ရှားရှားပါးပါး ငယ်ဘဝပုံရိပ်လေးကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော အောင်ရဲလင်းရဲ့ ချစ်စရာကောင်းတဲ့ ကလေးဘဝအရွယ်ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- deep_ayl's IG 

Photo Credit- deep_ayl's IG
Photo Credit- deep_ayl's IG
Photo Credit- deep_ayl's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။