Miss Tourism International Myanmar ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သလို ပရိသတ်တွေအားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ လှနုထွန်းကတော့ လူမှုကွန်ယက်မှာ သူမဖတ်ခဲ့ဖူးတဲ့စာလေးတွေကို အမြဲတမ်းပြန်လည်ဝေမျှ တတ်သူတစ်ယောက် ဖြစ်ပါတယ်..။

သူမရဲ့ ခံယူချက်လေးတွေနဲ့ ဗဟုသုတလေးကို အမြဲမျှဝေလေ့ရှိတဲ့ လှနုထွန်းကတော့ အခုတစ်ခါမှာလည်း အမျိုးသမီးတွေအတွက် ကိုယ့်ယောင်္ကျားတွေကို အချိန်ပေးဖို့ ပြောပြလာခဲ့ပါတယ်..။


Photo Credit - Hla Nu Tun’s Facebook
Photo Credit - Hla Nu Tun’s Facebook

လှနုထွန်းကတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့အမျိုးသားတွေအပေါ် ယုံကြည်ပေးဖို့ ပြောပြထားသလို ခင်ပွန်းဖြစ်သူနဲ့ တစ်ယောက်နဲ့တစ်ယောက် လေးစားပြီး နားလည်မှုလေးတွေထားဖို့ ပြောပြထားတာပဲ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းက သူမတို့ ဇနီးမောင်နှံတို့ ဘုရားတက်တဲ့အချိန် လက်ကိုင်ပြီး တက်တာကို လူတွေက အသက်ကြီးပြီး ခုချိန်ထိ ပလူးနေတုံးပဲလားလို့ ပြောတယ်ကြတဲ့ အပေါ်မှာလည်း လှနုထွန်းက သူမရဲ့ခံယူချက်လေးတွေနဲ့ ယူဆချကင်လေးတွေကို ပြောပြထားပါသေးတယ်..။


Photo Credit - Hla Nu Tun’s Facebook
Photo Credit - Hla Nu Tun’s Facebook

“မြန်မာပြည်မှာ မဟုတ်တာကိုး ခြုံထဲမှာ လုပ်မှ သင့်တော်သလား... လင်မယားနှစ်ယောက် ဒီအသက်ရွယ်အထိ လက်တွဲ ပြီး ဘုရားတက်တာ ကြည်နှုးစရာ မကောင်းဘူးလား..” ဆိုတဲ့ အမေးလေးနဲ့အတူ ပြန်လည်ပြောပြထားသလို သူမတို့ကို မနာလိုလို ပြောကြတာလို့ ယူဆတယ်ဆိုပြီးတော့ ပြောပြထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမျှွှာ ချစ်ပရိသတ်တွေအတွက် လှနုထွန်း ပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် မျှဝေပေးလိုက်တာမို့ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။


Photo By Myanmarload
Photo Credit - Hla Nu Tun’s Facebook

Photo Credit - Hla Nu Tun’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။