အဆိုတော် Mikis ကတော့ ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ အခြေချနေထိုင်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လာခဲ့တဲ့ Mikis ကနောက်ပိုင်းမှာတော့ MTV ၊ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်ရိုက်ကူးလားရတာ ဖြစ်ပါတယ်။ မြန်မာပရိသတ်တွေနဲ့ရင်းနှီးမှုရရှိနေတဲ့ Mikis က မိန်းကလေးပရိသတ်တွေ အများအပြားရရှိထားတာပဲ ဖြစ်ပါတယ်။

Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB

အချစ်ရေးနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိတဲ့ Mikis က သူ့ချစ်သူမြန်မာမလေး စုစုဝေနဲ့အချစ်ရေးကိုလည်း ပရိသတ်တွေကို ပြောပြထားတာ ဖြစ်ပါတယ်။ လူသိရှင်ကြား Official တွဲနေကြတဲ့ Mikis တို့စုံတွဲလေးကတော့ ဘာသာမတူ လူမျိုးမတူပေမယ့် တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိပြီး ချစ်နေကြတာ ဖြစ်ပါတယ်။ အခုလည်း Mikis က ချစ်သူလေးကိုအသေးစိတ်ကအစ အရာရာဂရုစိုက်ပြီး ချစ်ပေးတတ်ကြောင်းကို ပြောပြလာခဲ့ပါတယ်။

Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB

Mikis က " ဘယ်နေရာပဲသွားသွား ကျွန်တော် သူမရဲ့လက်ကိုင်အိတ်ကို အမြဲသယ်ဆောင်ပေးတယ်... But even I always have to carry your bag, I still love walking around with you " ဆိုပြီး ချစ်သူလေးအပေါ်ထားရှိတဲ့ သူ့ရဲ့ကြင်နာယုယမှုတွေကို ပရိသတ်တွေသိအောင် ပြောပြထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးအားကျစရာကောင်းတဲ့ Mikis တို့စုံတွဲလေးရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Mikis Weber's FB  

Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။