ပရိသတ်ကြီးရေ.. အသံပါဝါကောင်းကောင်း တေးသီချင်းကောင်းလေးတွေနဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ အဆိုတော် Rဇာနည်ပဲ ဖြစ်ပါတယ်..။

မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေကပါ အားပေးချစ်ခင်ကြပြီး အောင်မြင်ကျော်ကြားတဲ့ သူ့ရဲ့ တေးသီချင်းကောင်းလေးတွေကလည်း ယနေ့အချိန်ထိ ပရိသတ်တွေကြား ရေပန်းစားနေဆဲပါပဲနော်..။


Photo Credit - Zarni Myonyunt’s Facebook
Photo Credit - Zarni Myonyunt’s Facebook

ပရိသတ်တွေရဲ့ အချစ်တော် Rဇာနည်ကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ချစ်စရာကောင်းလွန်းတဲ့ သားလေးနှစ်ယောက်နဲ့အတူ ကြည်နူးစရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။

Rဇာနည်ကတော့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေ လုပ်နေပြီး အချစ်သီချင်းတွေနဲ့ ပတ်သက်ပြီး ကလေးဆန်တဲ့ သီချင်းတွေကို မဆိုရဲတော့သလို Ro တာတွေလည်း သိပ်မရတော့ဘူးလို့ ဆိုပါတယ်နော်..။


Photo Credit - Zarni Myonyunt’s Facebook
Photo Credit - Zarni Myonyunt’s Facebook

သီချင်းအသစ်လေးတွေ လုပ်နေတဲ့အကြောင်းနဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ အကြောင်းကိုလည်း အင်တာဗျူးမှာ Rဇာနည်က ချစ်ပရိသတ်တွေကို အသိပေးပြောပြလာခဲ့ပါတယ်နော်..။

ဒီကနေ့လေးမှာတော့ Rဇာနည်ရဲ့ ချစ်ပရိသတ်တွေအားလုံးအတွက် သူ့ရဲ့အင်တာဗျူးဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်သဘောကျနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Zarni Myonyunt’s Facebook
Photo Credit - Zarni Myonyunt’s Facebook

Photo Credit - Zarni Myonyunt’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။