အပြုံးချိုချိုလေးတွေကိုပိုင်ဆိုင်ထားပြီး အမြဲတမ်းပြုံးနေတတ်တဲ့ မင်းသမီးချောလေး ချစ်သုဝေဟာဆိုရင် သာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားပြီး သူမနဲ့တူတဲ့ သမီးချောချောလေးနှစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ချစ်သုဝေရဲ့ သမီးလေးတွေကလည်း ချစ်မွှေးလေးတွေပါကြပြီး အရမ်းချစ်စရာကောင်းကြတာကြောင့် လူချစ်လူခင်ပေါများကာ ပရိသတ်တွေကလည်းအရမ်းချစ်ပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook

မေမေချစ်သုဝေကတော့ သမီးလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရင်းနဲ့ပဲ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင် ခေတ်နဲ့သစ်လေးက ၂နှစ်ခွဲအရွယ်ကိုရောက်ရှိနေကြပြီး မူကြိုကျောင်းလည်းတက်ရောက်နေကြပြီဖြစ်လို့ သိတတ်လိမ္မာတဲ့သမီးလေးတွေပါနော်။ချစ်သုဝေက ဇာတ်ကားတွေမရိုက်တော့တာကြာနေပြီဖြစ်ပေမယ့် သီချင်းတွေကိုတော့ ချစ်ခင်ပွန်းနဲ့အတူ ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာပါ။

Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook

ချစ်သုဝေက သမီးလေးနှစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်တစ်ယောက်လို့ ထင်ရက်စရာမရှိလောက်အောင် လှပပျိုမျစ်နုနယ်နေပြီး အရမ်းချစ်စရာကောင်းနေတာဖြစ်ပါတယ်။ရိုးရိုးယဉ်ယဉ်လေးနဲ့လည်း ကျက်သရေရှိပြီးလှပသလို ဘာမှမပြင်ဆင်ထားရင်လည်း မျက်နှာလေးက ကြည်လင်ဝင်းပပြီးချစ်စရာကောင်းနေတာကြောင့် အခုဆိုရင်တော့ ချစ်သုဝေက လက်မှုပစ္စည်းရိုးရိုးလေးတွေနဲ့တောင်အရမ်းလှနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:Chit Thu Wai's Facebook
Photo Credit:Chit Thu Wai's Facebook

Photo Credit:Chit Thu Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။