ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ထိတိုင်အောင် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ အနုပညာလောကမှာ ရပ်တည်နိုင်သူကတော့ သရုပ်ဆောင် နန်းဆုဦးပါ။ သူမဟာ အနုပညာအလုပ်တွေကိုဝါသနာကိုအရင်းခံကာ လုပ်ကိုင်နေတဲ့ မင်းသမီးလေးတစ်လက်ပါ။ ပရိသတ်တွေကလည်း သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးကြောင့် တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အချစ်တွေ တိုးလာနေရတာပါ။   

Photo Credit - Nan Su Oo's Facebook
Photo Credit - Nan Su Oo's Facebook
Photo Credit - Nan Su Oo's Facebook

ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့်လည်း အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်တာပါ။ သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကိုအမြဲ ဝေမျှလေ့ရှိသူတစ်ယောက်ပါ။ အခုတစ်ခါမှာလည်း သူမရဲ့ လတ်တလော ကျန်းမာရေး အခြေအနေကို ရေးသားထားတာပါ။ 

Photo Credit - Nan Su Oo's Facebook
Photo Credit - Nan Su Oo's Facebook
Photo Credit - Nan Su Oo's Facebook

" Been sick this whole month... November has to be my least fave month this year " ဆိုပြီး ရေးသားထားတာပါ။ သူမဟာ ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဆေးကုသမှုခံယူနေရတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Nan Su Oo's Facebook

Photo Credit - Nan Su Oo's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။