မော်ဒယ်၊ သရုပ်ဆောင် စူးရှထက်ကတော့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှတွေကြောင့် ပုရိသတွေရဲ့စိတ်ဝင်စားမှုကို ပိုမိုရရှိထားတာ ဖြစ်ပါတယ်။ အလန်းစားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားတဲ့ စူးရှထက်ကတော့ Photo Shooting နဲ့ သီချင်းဗီဒီယိုလေးတွေ အများဆုံးရိုက်ကူးနေရတာ ဖြစ်ပါတယ်။ စူးရှထက်က ခေတ်ရေစီးကြောင်းအတိုင်း အမိုက်စားဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo Credit- Zar Chi's FB
Photo Credit- Zar Chi's FB

တစ်နေ့ထက်တစ်နေ့ စွဲမက်ဖွယ်ကောင်းလောက်အောင် ပိုပိုပြီးလှလာတဲ့ စူးရှထက်ကတော့ အခုလည်း ရင်ဖိုချင်စရာပုံရိပ်လေးတွေကို အသစ်မျှဝေထားပါတယ်။ စူးရှထက်က သူမရဲ့ပုံလေးတွေနဲ့အတူ " Hello Yellow မလေးကို ချစ်ကြသေးလား " ဆိုပြီးလည်း ပရိသတ်တွေကို မေးခွန်းလေးထုတ်ထားပါသေးတယ်။ ခပ်မိုက်မိုက်ဖက်ရှင်လေးနဲ့ စူးရှထက်ရဲ့ပုံစံကတော့ လုံးဝကို အလန်းစားဖြစ်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo Credit- Zar Chi's FB
Photo Credit- Zar Chi's FB
Photo Credit- Zar Chi's FB

စူးရှထက်ကတော့ ရန်ကုန်မြို့ရဲ့လမ်းမထက်မှာ ညို့အားပြင်းတဲ့ကောင်မလေးတစ်ယောက်အဖြစ် အထာကျကျပို့စ်ပေးရင်း အပြတ်အသတ်ဂေါ်နေတာပဲ ဖြစ်ပါတယ်။ Sexy ဆန်တဲ့အလှတွေနဲ့ ဖမ်းစားနေတဲ့ စူးရှထက်ရဲ့ပုံရိပ်လေးတွေက ပုရိသတွေကြားမှာ အတော်လေးဟော့ဖြစ်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒယ်၊ သရုပ်ဆောင် စူးရှထက်ရဲ့အလန်းစားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Zar Chi's FB 

Photo Credit- Zar Chi's FB
Photo Credit- Zar Chi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။