ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ ချစ်မဝဖြစ်နေရသူလေးကတော့ သရုပ်ဆောင် ဆုအိမ့်စံပါ။ သူမကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ ဆုဆုလို့ ခေါ်ကြတာပါ။ လတ်တလောမှာလည်း ကြော်ငြာများနဲ့ ပွဲအခမ်းအနားတွေ တက်ရောက်နေရတာပါ။ ဆုဆုဟာ အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်နေတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။  

Photo Credit - Hsu Eaint San's Facebook
Photo Credit - Hsu Eaint San's Facebook
Photo Credit - Hsu Eaint San's Facebook

ဒီလိုမျိုးကြိုးစားမှုတွေကြောင့်လည်း အောင်မြင်မှုတွေများစွာ ရရှိနေတာပါ။ လက်ရှိမှာလည်း Dancing With The Stars Myanmar ဆိုတဲ့ အကပြိုင်ပွဲအစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်နေတာပါ။ ပရိသတ်တွေကလည်း သူမရဲ့ အကတွေကို အပတ်စဉ် အားပေးကြည့်ရှုနေကြတာပါ။ အခုမှာလည်း သူမပါဝင်ယှဉ်ပြိုင်မယ့် အကလေးကို ပရိသတ်တွေကို ဝေမျှလိုက်ပြန်ပါပြီ။  

Photo Credit - Hsu Eaint San's Facebook
Photo Credit - Hsu Eaint San's Facebook
Photo Credit - Hsu Eaint San's Facebook

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " လွယ်တော့မလွယ်ဖူး ကရတာလည်း...

ကြိုးစားထားတယ်နော် ချစ်ခလေးတို့ရေ...

Voting ပေးချင်ရင် Oredoo နဲ့ 9900 ကို 1 ဆိုပြီးတော့

အကန့်သတ်မရှိ message ပေးပို့လို့ရပါတယ် ...

#EMPRESS_HSU

*ဆုအိမ့်စံ*" ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဆုဆုရဲ့ အမိုက်စား ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source - Hsu Eaint San's Facebook

Photo Credit - Hsu Eaint San's Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။