ပရိသတ်တွေချစ်ခင်ရတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ နာမည်တစ်လုံးနဲ့အောင်မြင်ကျော်ကြားနေကြတဲ့ စိုးညီအစ်မတွေထဲမှာ အငယ်ဆုံးညီမလေးပဲ ဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့ အပြုံးလှလှလေးတွေနဲ့ ချစ်စရာကောင်းတဲ့ စိုးပြည့်ရဲ့မျက်နှာလေးကြောင့် ပရိသတ်တွေအားလုံးက ချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။ စိုးပြည့်က စိတ်သဘောထားဖြူစင်တဲ့အပြင် ပရိသတ်တွေအပေါ်မှာလည်း ဖော်ရွေရင်းနှီးစွာ ဆက်ဆံလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB

လက်ရှိမှာ ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ စိုးပြည့်က အခုဆိုရင် မြန်မာစာမေဂျာနဲ့ ဘွဲ့ရရှိသွားပြီလည်း ဖြစ်ပါတယ်။ အရာရာမှာထူးချွန်တဲ့ စိုးပြည့်က အလှူအတန်းနဲ့ပတ်သက်ရင်လည်း လက်မနှေးတတ်သူ ဖြစ်ပါတယ်။ အခုလည်း စိုးပြည့်က မိသားစုနဲ့အတူ စကားအင်းဇီးကန်တောရကျောင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော်ကြီးကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB

စိုးပြည့်က ဆရာတော်ကြီးကို နေ့ဆွမ်းဆပ်ကပ်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ပြီး သေသေချာချာပြင်ဆင်ကာ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စိုးပြည့်က ပရိသတ်တွေသာဓုခေါ်စေနိုင်ဖို့ " ၁၃.၁၁.၂၀၁၉ (ဗုဒ္ဓဟူးနေ့)စိုးပြည့်တို့မိသားစုစကားအင်း ဇီးကန်တောရကျောင်းမှာဆရာတော်ကြီးကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်ရှင်" ဆိုပြီး ပုံလေးတွေလည်း တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Soe Pyae Thazin's FB 

Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။