ပရိသတ်ကြီးရေ မင်းသမီးချောလေးနန္ဒာလှိုင်ကတော့ သမီးသုံးယောက်ကို မွေးဖွားထားပြီး မိသားစုကိုသာသေချာဂရုစိုက်စောင့်ရှောက်ပေးနေတာကြောင့် အနုပညာအလုပ်တွေကိုတော့ မလုပ်ကိုင်တော့ပါဘူးနော်။ဘက်စုံတော်တဲ့နန္ဒာလှိုင်က မိသားစုအတွက်လည်းအိမ်ရှင်မကောင်းတစ်ယောက်ပီသလို စီးပွားရှာလည်းတော်တဲ့အပြင် အလှူအတန်းဆိုလည်း ကြီးကြီးကျယ်ကျယ်ကို လှူဒါန်းတာဖြစ်ပါတယ်။

Photo Credit:Zay Thiha&Nandar Hlaing's Facebook
Photo Credit:Zay Thiha&Nandar Hlaing's Facebook

နန္ဒာလှိုင်တို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ စိတ်တူကိုယ်တူရှိကြလို့ အလှူအတန်းတွေဆိုရင် သိန်းထောင်ပေါင်းများစွာကို မကြာခဏလှူဒါန်းနေကြတာပါနော်။နန္ဒာလှိုင်ရဲ့သမီးသုံးယောက်ကလည်း အမေတူကြလို့ အရမ်းချောကြပြီး ၀၀ကစ်ကစ်လေးတွေနဲ့ ချစ်မွှေးပါကြပါတယ်နော်။အငယ်ဆုံးသမီးလေးဇေမဒီလှိုင်ဆိုရင် တစ်အိမ်လုံးရဲ့ဆည်းလည်းလေးဖြစ်ပြီး ပရိသတ်တွေကတောင် အရမ်းချစ်ကြပါတယ်။

Photo Credit:Zay Thiha&Nandar Hlaing's Facebook
Photo Credit:Zay Thiha&Nandar Hlaing's Facebook

အခုဆိုရင်တော့ နန္ဒာလှိုင်ရဲ့ သမီးကြီးလေး ဇေဝတီလှိုင်က မိသားစုမပါဘဲကျောင်းကသူငယ်ချင်းတွေနဲ့အတူ ပထမဆုံးခရီးထွက်တာဖြစ်ပါတယ်။ဦးဇေသီဟကတော့"မိသားစုမပါပဲ သူငယ်ချင်းတွေနဲ့ ပထမဆုံး ခရီးသွားတဲ့ သမီးကြီး ဝတီ ကို အိမ်ကနေ ဒီလို ထိုင်ကြည့်"ဆိုပြီး သမီးကြီးလေးသွားနေတဲ့လမ်းကြောင်းကို Location ကနေကြည့်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဝတီလေးရဲ့ ခရီးသွားဗီဒီယိုဖိုင်လေးကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Zay Thiha&Nandar Hlaing's Facebook
Photo Credit:Zay Thiha&Nandar Hlaing's Facebook

Photo Credit:Zay Thiha&Nandar Hlaing's Facebook

Video Credit:Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။