ဝါသနာပါရာအနုပညာအလုပ်တွေကိုအတူတကွလုပ်ကိုင်ရင်း အောင်မြင်တဲ့အနုပညာရှင်တွေအဖြစ် ရပ်တည်နေသူကတော့ ရဲရင့်အောင်နဲ့ဧငြိမ်းဖြူတို့ စုံတွဲလေးပါ။ သူတို့အတွဲလေးကိုတော့ ပရိသတ်တွေက အားကျနေကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားကြတာပါ။
သူတို့နှစ်ယောက်ဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြတာပါ။ ရဲရင့်အောင်ဟာ မကြာသေးခသ်ကလည်း Music Video အသစ်လေးတစ်ပုဒ်ထွက်ရှိထားတာပါ။ ဒီ Music Video လေးထဲမှာ ချစ်သူ ဧငြိမ်းကိုယ်တိုင် သရုပ်ဆောင်ထားတာပါ။
အခုမှာလည်း ဧငြိမ်းရဲ့ Facebook Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ " မနေ့ည ၁၁:၀၀ ရှုတင်ကနေနောက်နေ့ညနေ ၅:၃၀ မနားတမ်း မအိပ်တမ်း ပင်ပန်းနေတဲ့ချစ်သူကို သူလာကြိုပါတယ်ပေါ့ " ဆိုပြီး တင်ထားတာပါ။ ရဲရင့်အောင်ဟာ ကားရိုက်တွေနဲ့ ပင်ပန်းနေတဲ့ ချစ်သူလေးကို ရှုတင်မှာ သွားကြိုခဲ့တာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Source - A Nyein Phyu’s Facebook
Photo Credit- A Nyein Phyu’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။