ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ ပီပြင်ပိုင်နိုင်လွန်းတဲ့ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူလေးပဲ ဖြစ်ပါတယ်..။

စူစူလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး သူမကတော့ ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်လွန်းလှသလို မြင်သူတကာငေးလောက်အောင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ဆွဲဆောင်မှုရှိရှိ ကျော့ရှင်းတဲ့ အလှတရားတွေကြောင့် ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးဆိုလည်း မမှားပါဘူး..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ပုရိသပရိသတ်တွေအားပေးဝန်းရံချစ်ခင်မှုတွေကို အများဆုံးရရှိထားသလို မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ကြတဲ့ စူစူလေးကတော့ Myanmar Idol နဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာပါတယ်..။

ဇာတ်ကားတွေနဲ့ အနုပညာအလုပ်တွေ မအားလပ်အောင် ရှိနေပေမယ့် အားရင်အားသလို ကြည့်ဖြစ်တဲ့ Myanmar Idol နဲ့ ပတ်သက်ပြီး သူမရဲ့ အမြင်လေးနဲ့ ဆန္ဒလေးကို ပြောပြထားတာပဲ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

အလုပ်အားရင် အားသလို ကြည့်ဖြစ်ပြီး အားလုံးကို သဘောကျကာ တကယ်တော်တယ် တကယ်အရည်အချင်းရှိတဲ့ သူကို ရစေချင်တယ် ရလည်း ရကြပါစေလို့ ဆုတောင်းပေးပါတယ်ဆိုပြီး ပြောပြထားတာပါနော်..။

Myanmar Idol နဲ့ ပတ်သက်ပြီး ပြောပြထားသလို မကြာခင်မှာ ရုံတင်ပြသတော့မယ့် သူမရဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ရပ်ကျော်ရွာကျော်” ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားတဲ့ စူစူလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။