ချစ်ခင်ပွန်းနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ နေ့ရက်တိုင်းကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် စမိုင်းလ်ပါ။ သူမဟာ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားရုံသာမကပဲ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကိုပါ ပိုင်ဆိုင်ထားတာပါ။ ပရိသတ်တွေကလည်း သူတို့ရဲ့ မိသားစုဘဝလေးကို အားကျနေကြတာပါ။  

Photo Credit - Pyae Maung's Facebook
Photo Credit - Pyae Maung's Facebook
Photo Credit - Pyae Maung's Facebook

လတ်တလောမှာလည်း ချစ်ခင်ပွန်းနဲ့အတူ အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိနေတာပါ။ ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီး ကြည့်ရှုနိုင်အောင် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိတာပါ။ အခုမှာလည်း ချစ်ဇနီးလေးရဲ့ ပုံရိပ်လေးကို ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှထားတာပါ။  

Photo Credit - Pyae Maung's Facebook
Photo Credit - Pyae Maung's Facebook
Photo Credit - Pyae Maung's Facebook

" နေ့တိုင်းဘယ်သွားသွားမိန်းမနဲ့ဓါတ်ပုံတွဲရိုက်ကြတယ်။ Bollywood မင်းသမီးမှတ်နေကြလားမသိ။ Smile and her Indian Fans. " ဆိုပြီး တင်ထားတာပါ။ စမိုင်းလ်ဟာ မြန်မာနိုင်ငံတွင်သာမကပဲ အိန္ဒိယနိုင်ငံတွင်ပါ သူမကိုချစ်ခင်တဲ့ပရိသတ်တွေ ရှိနေတာပါ။ ပရိသတ်ကြီးအတွက် ဒီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Pyae Maung's Facebook 

Photo Credit - Pyae Maung's Facebook
Photo Credit - Pyae Maung's Facebook
Photo Credit - Pyae Maung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။