ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုပန်ထွာကတော့ အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး သီချင်းတွေလည်းအသစ်ထွက်ရှိတာထားကြောင့် ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားပါဘူးနော်။ဆုပန်ထွာကတော့ သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး အရမ်းချစ်တတ်တဲ့ခင်ပွန်းကိုလည်းပိုင်ဆိုင်ထားတာကြောင့် သာယာအေးချမ်းတဲ့မိသားစုဘဝလေးမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပဲဖြစ်ပါတယ်။

Photo Credit:Supan Htwar& Okkar Kyaw's Facebook
Photo Credit:Supan Htwar& Okkar Kyaw's Facebook
Photo Credit:Supan Htwar& Okkar Kyaw's Facebook

ဆုပန်ထွာက အလုပ်အားတဲ့အချိန်မှာဆို သားသားကို ကျောင်းကြိုကျောင်းပို့လုပ်ပေးပြီး ဘေးနားမှာတစ်ချိန်လုံးနေကာ သေသေချာချာပြုစုစောင့်ရှောက်ပြီး ချစ်ခင်ပွန်းအပေါ်မှာလည်း မယားဝတ္တရားငါးပါးနဲ့အညီပြုမူနေထိုင်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပါနော်။လွန်ခဲ့သော၂လလောက်ကဆိုရင် ဆုပန်ထွာက ဖျော်ဖြေရေးအတွက် အမေရိကန်ပြည်ထောင်စုကို ခရီးထွက်သွားရတာဖြစ်ပါတယ်။

Photo Credit:Supan Htwar& Okkar Kyaw's Facebook
Photo Credit:Supan Htwar& Okkar Kyaw's Facebook
Photo Credit:Supan Htwar& Okkar Kyaw's Facebook

အခုဆိုရင်တော့"ကျွန်မအရောက်ချင်ဆုံးနေ့လေးပါ။ ၂ လနီးပါး ကလေးနဲ့ခွဲနေရတဲ့ မိခင်တစ်ယောက်ရဲ့ဘဝ။ မြင်သာမြင်မကြင်ရတဲ့ဘဝ။ သားငိုရင်အလိုလိုမျက်ရည်တွေဒီဘက်ကထိန်းမရအောင်ကျရတဲ့ဘဝ။ ကျွတ်ပါပြီ။သားလေးကိုဖက်ပြီးနေချင်တဲ့ ဆန္ဒ...ရေးရင်းတွေ့ချင်လွန်းလို့မျက်ရည်တွေကျပြန်ပေါ့။ရန်ကုန်ရောက်လို့ သားကိုတွေ့ရင် အရမ်းဖက်ပြီးငိုမှာ"ဆိုပြီး မြန်မာပြည်ကိုပြန်လာတော့မယ့်အကြောင်းကို စာလေးရေးပြီးလူမှုကွန်ယက်စာမျက်နှာမှာမျှဝေထားသလို Roar Roar တို့သားအဖနှစ်ယောက်ကလည်း မေမေ့ကိုကြိုဖို့အတွက် လေဆိပ်ကိုရောက်ရှိနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Supan Htwar& Okkar Kyaw's Facebook
Photo Credit:Supan Htwar& Okkar Kyaw's Facebook
Photo Credit:Supan Htwar& Okkar Kyaw's Facebook

Photo Credit:Supan Htwar& Okkar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။