ပရိသတ်တွေရဲ့တခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့သည်းကျော်တွေထဲမှာ အသံချိုချိုလေး တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်ရင်ထဲရောက်ရှိလာခဲ့သူလေးကတော့ အဆိုတော်မလေး Mary ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပရိသတ်အချစ်တော်လေး Mary ကတော့ ဂီတပိုင်းမှာ ယောင်္ကျားလေးပရိသတ်တွေအများဆုံးရရှိထားသလို မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေကိုပါ သိမ်းပိုက်ထားပြီး သရုပ်ဆောင်ပိုင်းကိုလည်း စတင်လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Mary ကတော့ မကြာခင်မှာ စတင်ရိုက်ကူးတော့မယ့် “အဟောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ထိပ်တန်းမင်းသမီးချောလေး ပိုင်ဖြိုးသုနဲ့အတူ တွဲဖက်သရုပ်ဆောင်ရိုက်ကူးသွားမှာဖြစ်ပြီး ပရိသတ်တွေမထင်ထားတဲ့ ကာရိုက်တာလေးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်နော်..။

ပထမဆုံးတွဲဖက်ရိုက်ကူးသရုပ်ဆောင်မယ့် မင်းသမီးချော ပိုင်ဖြိုးသုရဲ့ သဘာဝဆန်တဲ့ သရုပ်ဆောင်မှုတွေကိုလည်း သဘောကျတဲ့ အကြောင်းလေးကိုလည်း Mary က ပြောပြထားပါသေးတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

မင်းသမီးချောပိုင်ဖြိုးသုရရဲ့ အသစ်စက်စက်ထွက်ရှိထားတဲ့ “ထာဝရနှောင်ကြိုး” ဇာတ်ကားကြီးကိုလည်း သွားရောက်အားပေးကြည့်ဖြစ်ခဲ့ပြီး အိုဗာအိုင်တင်တွေ မဖြစ်ပဲ ဇာတ်ကောင်ကို မြင်အောင်သရုပ်ဆောင်ပြနိုင်တဲ့ သဘာဝဆန်ဆန် သရုပ်ဆောင်တာကို ပိုသဘောကျတဲ့အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေအချစ်တော်လေး Mary ပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း Mary ရဲ့ ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တာမို့ အသည်းလေေးတွ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။