ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ချောရတနာကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်လာခဲ့ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ချောရတနာက အခုချိန်မှာဆိုရင် ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သားတစ်ယောက် သမီးတစ်ယောက်မွေးဖွားထားလို့ ကလေးနှစ်ယောက်ရဲ့မိခင်ပါနော်။
ကလေးနှစ်ယောက်မွေးဖွားထားတာတောင် အလှမပျက်ဘဲ ပိုပိုပြီးနုပျိုလှပနေတဲ့ချောရတနာက ငယ်ရုပ်လေးပျောက်မသွားဘဲ ကျက်သရေရှိစွာနဲ့ တင့်တင့်တယ်တယ်လှပနေတာဖြစ်ပါတယ်။သားနဲ့သမီးကို သေချာပြုစုစောင့်ရှောက်ပေးနေပြီး မိသားစုအတွက်သာ အချိန်လုံလုံလောက်လောက်ပေးနေတာဖြစ်လို့ အနုပညာအလုပ်တွေနဲ့တော့ အလှမ်းဝေးကွာနေပါတယ်နော်။
ချောရတနာရဲ့သားနဲ့သမီးလေးကလည်း ချစ်စရာအပြုအမူလေးတွေအမြဲလုပ်တတ်လို့ မေမေအတွက်ကတော့ မပျင်းရပါဘူးနော်။အခုဆိုရင်လည်း ချောရတနာရဲ့ သမီးငယ်လေးက အရောင်တွေနဲ့ဆော့နေတာဖြစ်ပြီး သားကြီးလေးကတော့ တီဗွီမှာလာနေတဲ့ ကာတွန်းကောင်လေးအတိုင်း တစ်ထေရာတည်းတူအောင်လိုက်ကနေတဲ့ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာတာဖြစ်ပါတယ်နော်။
Photo Credit:Chaw Yadanar's Facebook
Video Credit:Chaw Yadanar's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။