ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်တွေထဲမှာ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အားလုံးက အားပေးချစ်ခင်ကြတဲ့ ပြည်သူ့အသည်းကျော် မင်းသမီးချော ပိုင်ဖြိုးသုနဲ့ ချစ်စရာအဆိုတေ်ာမလေး Mary တို့ကလည်း အပါအဝင်ပါပဲ..။

မတူညီတဲ့ အနုပညာနယ်ပယ်အသီးသီးကနေ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်နေကြတဲ့ ပရိသတ်အချစ်တော် သူတို့နှစ်ယောက်ကတော့ မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားကြီး အတူရိုက်ကူးတော့မှာ ဖြစ်ပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

မကြာခင်မှာ စတင်ရိုက်ကူးတော့မယ့် “အဟောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ နှစ်ယောက်အတူ တုွဖက် သရုပ်ဆောင်ရိုက်ကူးကြမှာဖြစ်ပြီး ရုပ်ရှင်ကန်တော့ပေးပွဲ အခမ်းအနားလေးကိုလည်း ဒီကနေ့ နိုဝင်ဘာ(၁၄)ရက်နေ့မှာပဲ ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်..။

ရုပ်ရှင်ကန်တော့ပွဲပေးအခမ်းအနားလေးကိုလည်း နှစ်ယောက်အတူ တက်ရောက်ခဲ့ပြီး မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ ရိုးရိုးလေးနဲ့ လှသွေးကြွယ် ချစ်ဖို့ကောင်းနေကြသလို အေးချမ်းပြီး ဆွဲဆောင်မှုရှိတဲ့ ချစ်စရာအပြုံးချိုချိုလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဓာတ်ဖမ်းခဲ့ကြတဲ့ ချစ်စရာ အမှတ်တရလေးတွေကလည်း ချစ်ပရိသတေ်တွကို သဘောကျအချစ်ပိုစေမှာပါနော်..။


Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

အသည်းကျော်လေး Mary လေးကတော့ သရုပ်ဆောင်ပိုင်းမှာ အခုမှ ပထမဆုံးစတင်သရုပ်ဆောင်ရိုက်ကူးမယ့် ဇာတ်ကားလေးဖြစ်တာမို့ စိတ်ပူနေတာလေးတွေကို အကောင်းဆုံးကြိုးစားသွားမှာပါဆိုပြီးတော့လည်း ပရိသတ်တွေကို ပြောပြထားပါသေးတယ်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေး Mary ရဲ့ သရုပ်ဆောင်မှုလေးတွေနဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီး အားပေးစောင့်မျှော်ရင်း Mary အတွက် ဆုတောင်းအားပေးစကားလေးတွေလည်း ပြောပေးလိုက်ရအောင်နော်..။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။