ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စည်သူမောင်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ တည်ငြိမ်ခန့်ညားတဲ့ ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားတဲ့ စည်သူမောင်က ပရိသတ်တွေအပေါ်မှာ လေးလေးစားစားဆက်ဆံတတ်သူ ဖြစ်ပါတယ်။ ဒါ့အပြင် စည်သူမောင်က မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဖုန်းအသစ်တစ်လုံးဝယ်ဖို့ စဉ်းစားလိုက်တိုင်း မိဘနှစ်ပါးအတွက်တွေးပြီးမဝယ်ဖြစ်ခဲ့တဲ့ စည်သူမောင်တစ်ယောက် အခုတော့ မိဘကိုလုပ်ကျွေးပြုစုတဲ့ကျေးဇူးကြောင့် IPh အသစ်တစ်လုံးလက်ဆောင်ရလိုက်ပါတယ်။

Photo Credit-Si Thu Maung's FB
Photo Credit-Si Thu Maung's FB

ဒီအကြောင်းနဲ့ပတ်သက်ပြီး စည်သူမောင်က " Happy Birthday Surprise Gift to Me အရမ်းပျော်တယ်..ဟိုးအရင်ထဲက ကိုယ်ကချည်း သူများကို Surprise လုပ်ရတယ် မွေးနေ့ Anniversary စသဖြင့်ပေါ့ ကျနော့ကျ ဘသူမှမလုပ်ပေးကြဖူး..ခုတော့ မွေးနေ့လက်ဆောင် Surprise iPhone 7+ လေး လက်ဆောင်ရတယ်..ကျနော့ဖုန်း 6+ လေးက စထွက်ကထဲက ဝယ်ထားတာဆိုတော့ မော်ဒယ်လဲနိမ့် ကင်မရာရုပ်ထွက်လဲနိမ့် အတော်လည်းဟောင်းနေပါပြီ တရိုတသေကိုင်လို့သာ ခုလောက်အဆင်ပြေနေတာ..iPhone အသစ်ထွက်လာတိုင်း မကိုင်ချင်ပေမယ့် ဖုန်းအသစ်လေးတလုံးတော့ ထပ်လိုချင်ခဲ့တာ..အစစအရာရာချင့်ချိန်နေခဲ့ရတာ ခုဆို ပိုဆိုးတာပေါ့..ဖုန်းဝယ်ရင် ၁၀ သိန်း ဆို အမေ့အတွက် ဆေးတခါသွင်းလို့ရတယ်..သိန်း ၂၀ ဆို အဖေနဲ့အမေ ကို ဗုဒ္ဓဂယာ ဘုရားဖူးပို့လို့ရတယ်..အဲ့လိုပဲတွေးတွေးရင်း ကိုယ့်အတွက် ဘာမှမသုံးချင်တော့တာ..

Photo Credit-Si Thu Maung's FB
Photo Credit-Si Thu Maung's FB

ခုတော့ ကျနော် အရမ်းလိုချင်နေတဲ့ ဖုန်းလေးလက်ဆောင်ရတယ်..အရမ်းပျော်ပါတယ်..ကျနော်က မိဘကို ရိုသေသိတတ်လို့ လုပ်ကျွေးပြုစုလို့ ကျနော်လိုချင်တာလေး တမင်လက်ဆောင်ပေးတာ ဆိုတဲ့ဆုတောင်းစကားက တကယ် ပီတိဖြစ်ရပါတယ်..တဆက်ထဲတွေးမိတာ အရင်က ကျနော့်အဖေ သူ့ဖုန်းပျောက်သွားတော့ iPhone 5 လေးဝယ်ပေးတယ် အဲ့ဖုန်းထပ်ပျောက်တော့ Xiao Mi ph လေးဝယ်ပြီးကန်တော့တယ် အဲ့ဖုန်းလေးဟောင်းပြီးပျက်သွားတော့ ကျနော်တို့ညီအစ်ကိုတွေ Samsaung phone လေးနဲ့ ကန်တော့ကြတယ်..အမေ့ကိုလဲအဲ့လိုပဲ ပထမ Xiao Mi ဖုန်းဝယ်ပေးတယ် ပျက်သွားတော့ နောက်အသစ်တလုံးထက် ကန်တော့တယ်..

Photo Credit-Si Thu Maung's FB
Photo Credit-Si Thu Maung's FB

အခုအဲ့ဒီ မိဘတွေအတွက် ကုသိုလ်အကျိုးကျနော် ပြန်ခံစားရတယ်..ကျနော့်အပေါ် မေတ္တာတရားနဲ့ မွေးနေ့လက်ဆောင်အဖြစ် ပြန်ပေးခံရတယ်လို့ပဲ ယုံကြည်ပါတယ်..ခုလိုလက်ဆောင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ စီးပွါးဥစ္စာများလည်း တိုးတက်ပါစေ ခင်ဗျာ ကျနော်ကတော့ မိဘတွေရဲ့ ဂုဏ်ကျေးဇူးကို ကန်တော့ရင်း..အမှတ်တရ မွေးနေ့လက်ဆောင်ပေးသူရဲ့ မေတ္တာစေတနာကို ခံယူရင်းအရမ်းပျော်နေပါပြီလို့ " ဆိုပြီးသူ့ရဲ့အဖြစ်ကို ပြောပြထားတာ ဖြစ်ပါတယ်။

Source: Si Thu Maung's FB

Photo Credit-Si Thu Maung's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။