ပရိသတ်ကြီးရေ သရုပ်ဆောင်မြင့်မြတ်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လှုပ်ရှားနေပြီး ရိုက်ကူးရေးတွေအတွက်လည်း ခရီးတွေထွက်နေရတာဖြစ်ပါတယ်။မြင့်မြတ်က အားတဲ့အချိန်တိုင်းကို မိသားစုနဲ့အတူ ပျော်ရွှင်စွာကုန်ဆုံးပြီး ချစ်ရတဲ့တစ်ဦးတည်းသောသားလေးကိုလည်း မကြာခဏဆိုသလို သူနဲ့အတူတူ ရှုတင်ကိုခေါ်သွားလေ့ရှိပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

မြင့်မြတ်ရဲ့ချစ်ဇနီးချောလေးကလည်း ချစ်ခင်ပွန်းရဲ့အနုပညာအလုပ်တွေကိုနားလည်မှုအပြည့်ပေးပြီး တစ်ဖက်တစ်လမ်းကနေကူညီပေးနေတဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။မြင့်မြတ်ရဲ့မိသားစုလေးကို ပရိသတ်တွေကအရမ်းအားကျကြပြီး မြတ်သူလေးကိုလည်း အရမ်းချစ်ကြတာဖြစ်ပါတယ်။ဖေဖေမြင့်မြတ်ကတော့ သားလေးမြတ်သူကိုတုန်နေအောင်ချစ်တာဖြစ်လို့ သားလေးအတွက်လည်း အလုပ်တွေအရမ်းကြိုးစားပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

မြတ်သူလေးက ဖြူဖြူဖွေးဖွေးလုံးလုံးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပြီး အနေအေးတဲ့ကလေးလေးဖြစ်ပါတယ်။မြတ်သူလေးကြီးလာရင်လည်း ဖေဖေမြင့်မြတ်လို အရမ်းချောပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးတစ်လက်ဖြစ်ဦးမှာပါနော်။တစ်နေ့တစ်ခြားဖေဖေနဲ့ပိုပိုတူလာပြီး အရမ်းချစ်စရာကောင်းနေတဲ့ မြတ်သူလေးရဲ့ချစ်စရာပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

Photo Credit:Myat Wai Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။