မြန်မာ့သွေးပါတဲ့ မြန်မာနွယ်ဖွားအမျိုးသမီးတစ်ဦးအနေနဲ့ ကမ္ဘာ့ထိပ်တန်းလိုနိုင်ငံမျိုးမှာ ရာထူးကြီးကြီးမားမားနဲ့ တာဝန်ထမ်းဆောင်နေတာဟာ ဂုဏ်ယူစရာကောင်းလှပါတယ်။သူကတော့ အမေရိကန်အရံကာကွယ်ရေးတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနွယ်ဖွား ဒုဗို်လ်မှူးကြီး မီမီဝင်းဘတ်ပဲဖစ်ပါတယ်။

မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီးပါမောက္ခ မီမီဝင်းဘတ် ဟာ အခုလက်ရှိ အမေရိကန် အရံကာကွယ်ရေးတပ်မှာ ဒုဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သူဟာ အမေရိကန်ကာကွယ်ရေးဌာန လက်အောက်မှာရှိတဲ့ ဟာဝိုင်အီအခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်ဌာနမှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံနဲ့ အရပ်ဘက်နဲ့ စစ်ဘက် ဆက်ဆံရေး ကောင်းမွန်စေဖို့ ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။ 

အမေရိကန်စစ်တပ်မှာ ဒုဗိုလ်မှူးကြီးတဦး ရာထူးအထိ ဖြစ်လာအောင် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သူ ဒေါ်မီမီဝင်းဘတ်အကြောင်း လူတွေသိပ်မသိကြသေးပေမယ့် သူမဟာ မြန်မာ့သွေးပါတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံသားဖြစ်ပေမယ့် မြန်မာတစ်ဦးရယ်လို့ခံယူထားတဲ့သူမရဲ့ အပတ်တကုတ်ကြိုးပမ်းအားထုတ်မှုဟာ အားလုံးအတွက် အတုယူအားကျစရာပါပဲ။

Source : VOA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။