အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ကတော့ အခုဆိုရင် အရမ်းကိုချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်နဲ့အတူ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ရရှိထားပြီ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့အိမ်ထောင်ကျပြီး သမီးဦးလေးတစ်ယောက် ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့သမီးလေးကတော့ မေမေနဲ့ဖေဖေရဲ့အချောအလှတွေကိုစုပြီးရထားသူလေးလို့တောင်ဆိုနိုင်တဲ့ သမီးချောလေးပဲ ဖြစ်ပါတယ်။

Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB

စန္ဒီမြင့်လွင်က ပါးဖောင်းဖောင်းလေးတွေနဲ့ မြင်သူတိုင်းဖက်နမ်းချင်စရာကောင်းလောက်တဲ့ သမီးချောလေးကို Treasure ဆိုပြီး နာမည်လှလှလေးပေးထားတာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့သမီးလေးက ဒီနေ့နိုဝင်ဘာလ (၁၄) ရက်နေ့ဆိုရင်ပဲ အသက်လေးလတိတိ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မေမေစန္ဒီမြင့်လွင်က သမီးလေးရဲ့ ချစ်စရာပုံရိပ်အသစ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားတာ ဖြစ်ပါတယ်။

Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB

စန္ဒီမြင့်လွင်က " စကားပြောရင် ကျနော် ကျနော်နဲ့ ဂျင်းဘောင်းဘီအမြဲဝတ်တဲ့ သိပ်မိုက်တဲ့ ကောင်မလေး တစ်ယောက် ဒီနေ့ လေးလပြည့်သွားပါပြီ။မေမေ စိတ်ပူအောင် တစ်ယောက်တည်းတော့ လျှောက်မသွားနဲ့။ မေမေနဲ့ တူတူ လိမ့်ကြမယ်နော်။ " ဆိုပြီး Treasure လေးရဲ့ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေမေစန္ဒီမြင့်လွင်ရဲ့ချစ်သမီးလေး Treasure ရဲ့အသည်းယားစရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sandy Myint Lwin's FB 

Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB
Photo Credit-Sandy Myint Lwin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။