အနုပညာအလုပ်တွေကိုအတူတကွလုပ်ကိုင်ရုံသာမကပဲ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားသူကတော့ ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်ရဲ့တစ်ယောက်အပေါ်တစ်ယောက် ချစ်ခင်ကြင်နာပုံတွေဟာလည်း မြင်ရသူတိုင်းကိုကြည်နူးချမ်းမြေ့စေတာပါ။ အခုမှာလည်း သုသုတစ်ယောက် ချစ်ခင်ပွန်းရဲ့အောင်မြင်မှုတွေကိုဝမ်းသာပီတိဖြစ်ကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုပဲရေးသားထားတာပါ။

Photo Credit- Paing Phyoe Thu’s Facebook
Photo Credit- Paing Phyoe Thu’s Facebook
Photo Credit- Paing Phyoe Thu’s Facebook

" Bon Voyage ဦးရေခဲ

ဒီနေ့သူ့ရဲ့ ရုပ်ရှင် Busan ASEAN film weekမှာပြခွင့်ရလို့ သူကိုရီးယားကိုသွားရတဲ့နေ့

မြန်မာဒါရိုက်တာတစ်ယောက်အနေနဲ့ သူရဲ့ပွဲဦးထွက်ရုပ်ရှင်ကားကြီးကို Busan ASEAN film weekလိုမျိုးမှာပြခွင့်ရတာ သူဂုဏ်ယူရှာမှာပေါ့....

အဲဒါကို မနေ့က congratulations boo bear ဆိုပြီး post လေးတစ်ခုတင်ခဲ့တာကလွဲလို့ ကိုယ်အဲဒီပွဲအကြောင်းလည်းသူ့ကိုသေချာမမေးခဲ့မိဘူး....

ဒီမနက်လည်းသူက ကိုယ့်ရဲ့တစ်နေ့တာ plan ကိုမေးတဲ့အခါ မနက်မှာနောက်ရိုက်မဲ့ကားအတွက်ကန်တော့ပွဲသွားရမယ် ညနေမှာကြော်ငြာဓါတ်ပုံရိုက်ရှိတယ်လို့ပဲ လွန်ခဲ့တဲ့၃/၄ရက်ကတည်းကသူ့ကိုပြောပြထားတဲ့အတိုင်းပြန်ဖြေခဲ့တယ်....

သူက"နေ့လယ်ဝတုတ်လူဆိုးအား‌လောက်တဲ့အချိန်ကျွန်တော် ဖုန်းဆက်မယ်နော်" ဆိုတော့ကိုယ့်မှာဖုန်းဆက်တာဘာဆန်းလို့လဲမသိဘူးဆိုပြီးကြောင်တောင်တောင်နဲ့ "အင်း ဆက်လေ" လို့ပဲပြန်ဖြေခဲ့တာ....

ကန်တော့ပွဲရောက်မှ media တွေက Busan မှာသူ့ရုပ်ရှင်ပြခွင့်ရတဲ့အကြောင်းဝိုင်းမေးကြတာရော သူ့သူငယ်ချင်း မိတ်ဆွေတွေကသူ့အတွက်တခုတ်တရတင်ပေးကြတဲ့ post တွေကိုပါမြင်မှ it's a big deal for him ဆိုတာကို သတိထားမိတဲ့အဖြစ်....

Photo Credit- Paing Phyoe Thu’s Facebook
Photo Credit- Paing Phyoe Thu’s Facebook
Photo Credit- Paing Phyoe Thu’s Facebook

ကန်တော့ပွဲပြီးပြီးချင်း သူ့ကိုဖုန်းလှမ်းဆက်ပြီး သုသုနေ့လယ်အားသွားပြီ ညနေမှကြော်ငြာရိုက်ရှိတာ(အမှန်တော့ ပွဲတက်တွေအတွက် fitting ချစရာရှိတာတွေကို နည်းနည်းရွှေ့လိုက်တာ) ဘာပြောချင်လို့လဲဆိုတော့ "အားသွားပြီဆိုရင် ကျွန်တော်ဟိုမှာဝတ်ဖို့နည်းနည်းထူတဲ့အနွေးထည်သွားဝယ်တာ လိုက်ကြည့်ပေးမလား" တဲ့....

အမှန်တော့ ပြီးရင်လည်းသူကြိုက်တာပဲသူဝယ်မှာဆိုပေမယ့် သူ့မိန်းမကဂရုတစိုက်လိုက်ဝယ်ပေးတယ်ဆိုတာလေးကိုသူလိုချင်ရှာတာပေါ့နော်

"ပြီးတော့ ကျွန်တော့် လေယာဉ်ပျံချိန်က ည၁၁:၃၀မှ ဝတုတ်လူဆိုးကြော်ငြာရိုက်ဘယ်အချိန်ပြီးမှာလဲ"တဲ့...

အမှန်ဆိုလေဆိပ်လိုက်ပို့ပေးလို့ပြောရင်ရတာပဲကို....

ကြော်ငြာရိုက်ချိတ်ဖို့လုပ်နေကတည်းကအဲ့နေ့ကျွန်တော့် ကို လေဆိပ်လိုက်ပို့ပေး အလုပ်ကိုတခြားနေ့ချိတ်လို့ပြောလို့ရတာကို....

ဦးရေခဲဟာလေ အမြဲတမ်းသုသုရဲ့ career ကိုသူ့ကြောင့်ထိခိုက်မှာအမြဲစိုးရိမ်ခဲ့ပေးတယ်....

သူ့ရဲ့အိမ်ရှင်မဆိုတဲ့နေရာကိုယူလိုက်လို့ သုသုချစ်တဲ့အလုပ်လေးမှာထိခိုက်သွားတာမျိုးဘယ်တော့မှမဖြစ်ရအောင်သုသုကိုဦးစားပေးခဲ့တယ်....

အိမ်ထောင်ကျပြီးကတည်းက အိမ်မှာ၁ပတ်ပြည့်အောင်ဆက်တိုက်မနေဖူးပဲအမြဲနယ်လှည့်ကားရိုက်နေတဲ့သူ့မိန်းမကိုတစ်စက်ကလေးမှမငြိုငြင်ခဲ့ဘူး...

သုသုရဲ့ပျက်ကွက်မှုတွေအားလုံးကို အစွမ်းကုန်နားလည်ပေးတဲ့အတွက်ကျေးဇူးပါ ဦးရေခဲရယ်....

အတ္တကင်းစွာနဲ့ ရှင့်ရဲ့ဝတုတ်လူဆိုးကိုချစ်ပေးတာ ကျေးဇူးပါ

ဘာရယ်မဟုတ် ကံကောင်းထောက်မစွာ shooting စောစောပြီးသွားလို့ ဦးရေခဲကိုလေဆိပ်လိုက်ပို့ပေးဖြစ်လို့ သူတန်းစီနေတာကိုကြည့်ရင်း ဒီစာကိုစိတ်ကူးပေါက်ပြီးတင်လိုက်တာ....

ရည်းစားသက်တမ်း၅နှစ် အိမ်ထောင်သက်၁နှစ်နီးပါးမှာတစ်ခါမှသူ့အတွက် appreciation post မတင်ဖူးလို့ post အရှည်ကြီးနဲ့ appreciate လုပ်လိုက်သည်

I love you so much Boo Bear " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်၊

Photo Credit - Paing Phyoe Thu’s Facebook 

Source- Paing Phyoe Thu’s Facebook 

Photo Credit- Paing Phyoe Thu’s Facebook
Photo Credit- Paing Phyoe Thu’s Facebook
Photo Credit- Paing Phyoe Thu’s Facebook
Photo Credit- Paing Phyoe Thu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။