ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး လင်းဇာနည်ဇော်ကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ချစ်မကြီးချစ်ချစ်ဇော်နဲ့အတူ "ရွှေခေါက်ဆွဲ"စီးပွားရေးကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ လင်းဇာနည်ဇော်ကို ဟိုးအရင်တုန်းကလိုပဲ ရင်ထဲမှာထာဝရရှိပြီးချစ်ခင်အားပေးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Myu Lin Ko Ko's Facebook
Photo Credit:Myu Lin Ko Ko's Facebook
Photo Credit:Myu Lin Ko Ko's Facebook

လင်းဇာနည်ဇော်က သူမနဲ့တူတဲ့သမီးချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သမီးလေးမြူလင်းကိုကိုကလည်း ၂၂နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်လို့ မေမေ့အတွက် အားကိုးလို့ရနေပြီဖြစ်တဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်။မြူလင်းကိုကိုက သြစတေးလျမှာပညာသင်ကြားနေကာ မကြာခင်မှာကျောင်းပြီးတော့မှာဖြစ်လို့ မေမေ့ရင်ခွင်ထဲကို ပြန်လည်ရောက်ရှိပြီး မေမေ့အလုပ်တွေကိုကူလုပ်ပေးတော့မှာဖြစ်ပါတယ်။

Photo Credit:Myu Lin Ko Ko's Facebook
Photo Credit:Myu Lin Ko Ko's Facebook
Photo Credit:Myu Lin Ko Ko's Facebook

လင်းဇာနည်ဇော်ရဲ့နုပျိုလှပမှုတွေကတော့ သမီးချောလေးမြူလင်းကိုကိုနဲ့တောင် သားအမိတွေလို့မထင်ရဘဲ ညီအစ်မတွေလို့တောင်ထင်ရပါတယ်နော်။အခုဆိုရင်တော့ သမီးလိမ္မာလေးမြူလင်းကိုကိုက ပြည်ပမှာနေထိုင်ရင်း မေမေနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုကြည့်ပြီး မေမေ့ကိုလွမ်းနေတဲ့အကြောင်းတွေကို ပြောပြလာတာဖြစ်လို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myu Lin Ko Ko's Facebook
Photo Credit:Myu Lin Ko Ko's Facebook
Photo Credit:Myu Lin Ko Ko's Facebook

Photo Credit:Myu Lin Ko Ko's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။