​ဒေး​ဗစ်​လူးဝစ်​ကပရီိးမီးယားလိဂ်​ကိုပြန်​​ရောက်​​ရောက်​ခြင်​းနှစ်​မှာပဲအမှတ်​​ပေးဖလားဆွတ်​ခူးနိုင်​ခဲ့လို့၎င်းရဲ့အိမ်​မက်​​တွေအမှန်​တကယ်​ဖြစ်​လာခဲ့ပြီးမ​နေ့ညကဝက်​စ်​ဘရွန်​းကိုတစ်​ဂိုးဂိုးမရှိနဲအနိုင်​ရပြီး​နောက်​​ပြောလိုက်​ပါတယ်​။

ဘတ်​​ရှောင်​ရီရဲ့ဂိုးနဲ့ပရီးမီးယားလိဂ်​ဖလားငါးကြိမ်​​မြောက်​ဆွတ်​ခူးခဲ့တဲ့ချဲလ်ဆီးအသင်​းရဲ့​နောက်​ခံလူ​ဒေး​ဗစ်​လူးဝစ်​ဟာလွန်​ခဲ့တဲ့၂၀၁၄ခုနှစ်​ချဲလ်​ဆီးမှပီအက်​ဂျီကို​ပြောင်​းသွားခဲ့တာဖြစ်​ပြီးယခု​နွေရာသီကမှစတန်​းဖို့ဘရစ်​ကိုပြန်​လည်​​ရောက်​ရှိလာခဲ့တာဖြစ်​ပါတယ်​။

​ဒေး​ဗစ်​လူးဝစ်​ဟာနည်​းပြအန်​တိုနီယိုကွန်​တီရဲ့သုံး​ယောက်​တန်​းခံစစ်​အတွဲမှာအ​ကောင်​းဆုံး​ခြေစွမ်​းပြကစားနိုင်​ခဲ့တဲ့အဓိက​နောက်​ခံလူပဲဖြစ်​ပါတယ်​။

လူးဝစ်​က "ကျွန်​​တော်​အလွန်​့အလွန်​ကို​ပျော်​​နေပါတယ်​။ ဒါဟာကျွန်​​တော်​့အတွက်​ပထမဦးဆုံးပရီးမီးယားလိဂ်​ဆုဖလားပါပဲ။ ကျွန်​​တော်​ဒီကိုပြန်​လာဖို့ဆုံးဖြတ်​လိုက်​ချိန်​မှာပရီးမီးယားလိဂ်​ဖလားကိုဆွတ်​ခူးဖို့အိမ်​မက်​မက်​ခဲ့ပါတယ်​။

ကျွန်​​တော်​ရဲ့အိမ်​မက်​​တွေအမှန်​တကယ်​ဖြစ်​လာလို့အလွန်​ကိုဝမ်​းသာမိပါတယ်​။ ဝက်​ဘရွန်​းနဲ့ပွဲ​ကောင်​းတစ်​ပွဲကစားခဲ့ရပြီးကျွန်​​တော်​တို့လုပ်​​ဆောင်​နိုင်​ခဲ့ပါတယ်​။ ဒီလိုအချိန်​မျိုးကိုရရှိဖို့အတွက်​ကျွန်​​တော်​တို့​နေ့တိုင်​းအလုပ်​ကြိုးစားခဲ့ပါတယ်​။

ကွန်​တီဟာဆိုရင်​လည်​းအလုပ်​ကိုစိတ်​နှစ်​ပြီးကြိုးစားတဲ့သူဖြစ်​ကာသူ့အတွက်​ဝမ်​းသာမိပါတယ်​။ သူဟာ​နေ့တိုင်​းအရမ်​းကြိုးစားတဲ့သူဖြစ်​တာ​ကြောင်​့ဒီ​အောင်​မြင်​မှုဟာတကယ်​ကိုထိုက်​တန်​မှုရှိပါတယ်​။" လို့​ပြောခဲ့ပါတယ်​။

Ref- Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။