မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာဆိုရင် ချစ်မွှေးပါတဲ့မျက်နှာလေးကြောင့် လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာဆိုရင် သဉ္ဇာနွယ်ဝင်းကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားပြီးနောက်ထပ်လည်း သမီးလေးတစ်ယောက်ကိုမွေးဖွားတော့မှာဖြစ်တာကြောင့် အနုပညာအလုပ်တွေနဲ့ လုံးဝအဆက်ပြတ်နေတာဖြစ်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

သဉ္ဇာနွယ်ဝင်းရဲ့ ချစ်စရာမိသားစုဘဝလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြပြီး သူမရဲ့သားကြီးလေး Peach Lay ကလည်း မေမေ့လိုပဲချစ်မွှေးပါတဲ့ကလေးလေးဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းက သားလေးကိုလည်း သေချာပြုစုစောင့်ရှောက်ပေးပြီး ဗိုက်ထဲကသမီးလေးကိုလည်း သေချာဂရုစိုက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါ။သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းကတော့ ချစ်ဇနီးလေးအပေါ်မှာ ကြင်နာယုယမှုအပြည့်ပေးပြီး အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်တွေကိုကျေပြွန်ပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

Peach Lay ကတော့ ၂နှစ်အရွယ်ကိုရောက်ရှိနေတာကြောင့် သွက်သွက်လက်လက်နဲ့ထက်မြက်တဲ့ကလေးလေးဖြစ်ပါတယ်။အရမ်းလည်းဆော့တာကြောင့် မေမေသဉ္ဇာနွယ်ဝင်းအတွက်ကတော့ ပျင်းဖို့အချိန်တောင်မရှိပါဘူးနော်။အခုဆိုရင်လည်း ညနက်တဲ့ထိမအိပ်ဘဲ တီဗွီထိုင်ကြည့်ကာ အားလူးကြော်တွေ တဂျွတ်ဂျွတ်စားနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook
Photo Credit:Thinzar Nwewin's Facebook

Photo Credit:Thinzar Nwewin's Facebook

Video Credit:Thinzar Nwewin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။