မင်းသမီးချောလေး အကယ်ဒမီအေးမြတ်သူကတော့ အနုပညာလောကထဲကို ဟိုးအရင်တစ်ခေတ်ကတည်းက မော်ဒယ်လ်တစ်ယောက်အဖြစ်စတင်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေအများအပြားကို ရိုက်ကူးလာခဲ့ရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။အခုခေတ်မှာဆိုရင် အေးမြတ်သူက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးလာပြီး အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပါတယ်နော်။

Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page

အေးမြတ်သူက မိဘအပေါ်လည်းလိမ္မာသိတတ်တာကြောင့် ယနေ့အချိန်ထိအိမ်ထောင်မပြုသေးဘဲ မိသားစုနဲ့အတူတူနေထိုင်ကာ လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးပဲဖြစ်ပါတယ်။စိတ်ထားလေးက ဖြူစင်နူးညံ့ပြီး မာန်မာနကင်းမဲ့သူလေးဖြစ်လို့ ပေါင်းသင်းဆက်ဆံရေးလည်းအရမ်းကောင်းကာ လူချစ်လူခင်လည်း ပေါများတဲ့ ပြည်သူချစ်ရွှေမင်းသမီးလေးပါနော်။  

Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page

အေးမြတ်သူက မကြာခဏဆိုသလို ခရီးတွေထွက်တတ်ပြီး မြန်မာနိုင်ငံရဲ့ အမွေအနှစ်တွေဖြစ်တဲ့ တန်ခိုးကြီးဘုရားတွေကို သွားရောက်ဖူးမျှော်တာဖြစ်ပါတယ်။စိတ်ထားလေးကလည်းနူးညံ့သိမ်မွေ့လို့ မျက်နှာလေးကပါ ကြည်လင်အေးချမ်းပြီး မြင်သူတကာ ချစ်ချင်စဖွယ်ရှိပါတယ်နော်။အခုဆိုရင်လည်း အေးမြတ်သူက မပြင်ဆင်မချယ်သထားဘဲ သဘာဝအလှလေးနဲ့ ကြည်လင်ဝင်းပနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page
Photo Credit:Aye Myat Thu's Page

Photo Credit:Aye Myat Thu's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။