မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ ဆယ်ကျော်သက်အရွယ် ပျိုပျိုမေလေးတွေကြားမှာ အထူးရေပန်းစား အောင်မြင်နေတဲ့ ကိုလူချောလေး ဖြစ်ပါတယ်။ ဆံပင်အရှည်လေးနဲ့ အရမ်းကိုလိုက်ဖက်လွန်းတဲ့ ပိုင်တံခွန်က နိုင်ငံခြားမင်းသားလေးလို့တောင် ထင်မှတ်နေရတာ ဖြစ်ပါတယ်။ စမတ်ကျကျ ဝတ်ဆင်တတ်ပြီး အရပ်ရှည်ရှည်၊ Body ဖြောင့်ဖြောင့်နဲ့မို့ သူ့ကိုအားပေးချစ်ခင်သူတွေအခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။

Photo Credit : Htet Paing Ye
Photo Credit : Htet Paing Ye

ဆံနွယ်ရှည်လေးတွေနဲ့ နိုင်ငံခြားမင်းသားတစ်ဦးလို့တောင် ထင်မှတ်ရလောက်တဲ့ ပိုင်တံခွန်က ကြော်ငြာ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့အပြင် ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရရှိထားတဲ့ ပိုင်တံခွန်က အခုလည်း ကောင်မလေးတွေကြွေသွားရလောက်အောင် အနက်ရောင်ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အမိုက်စားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Htet Paing Ye
Photo Credit : Htet Paing Ye

ပုံလေးတွေတိုင်းမှာ အရမ်းချစ်ဖို့ကောင်းလွန်းပြီး ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် ပရိသတ်တွေ ကြွေနေမှာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ ပိုင်တံခွန်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : Htet Paing Ye
Photo Credit : Htet Paing Ye

Source:Paing Takhon Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။