ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် သရုပ်ဆောင်ကောင်းရုံတင်မကဘဲ သီချင်းဆိုလည်းအရမ်းနားထောင်လို့ကောင်းတာကြောင့် ပရိသတ်တွေကအရမ်းအားပေးကြပါတယ်နော်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး အနုပညာလောကမှာဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

ထွန်းအိန္ဒြာဗိုလ်က လက်တလောမှာဆိုရင် ချစ်ခင်ပွန်းနဲ့အတူတူ ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကတော့ ကိုရီးယားနိုင်ငံမှာ အလှအပရေးရာတွေနဲ့ပက်သက်ပြီး အသေးစားခွဲစိတ်မှုလေးတွေကို လုပ်ဆောင်ခဲ့ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်ရဲ့ မျက်နှာလေးကတော့ ခွဲစိတ်မှုလေးကြောင့် နည်းနည်းပါးပါးရောင်နေတာဖြစ်ပြီး လအနည်းငယ်အထိသေချာဂရုစိုက်ရမှာဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

အခုဆိုရင်တော့ ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ကိုရီးယားရဲ့အထင်ကရနေရာတွေကို လျှောက်လည်နေကြပြီး ကိုရီးယားအစားအသောက်တွေကို အားရပါးရစားသောက်နေကြတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကတော့"လမ်းများများ လျှောက်ရမယ် လို့ ဆရာဝန်ကပြောတယ်.. ရာသီဉတု က အေးတော့ လျှောက်လို့ ကောင်းလိုက်တာ လေ... "ဆိုပြီး ယောက်ျားလေးစတိုင်လ်ဝတ်ဆင်ပြီး ချစ်ခင်ပွန်းနဲ့အတူတူ လမ်းလျှောက်နေတဲ့ပုံရိပ်လေးကို မျှဝေလာပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook
Photo Credit:Mi Mi Khine's Facebook

Photo Credit:Mi Mi Khine's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။