သရုပ်ဆောင် မင်းသမီးချော ခင်ဇာခြည်ကျော်ကတော့ ဘုန်းမင်းနေလဆိုတဲ့သားလေးတစ်ယောက်နဲ့ ထင်သစ္စာဆိုတဲ့သမီးချောလေးတစ်ယောက်တို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ကလေးတွေဖြစ်ကြတဲ့ ဘုန်းမင်းနဲ့ထင်သစ္စာတို့ကတော့ အမေနဲ့ရုပ်ချင်းဆင်ပြီး အမေတူအချောလေးတွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်တွေကလည်း ဘုန်းမင်းနေလတို့မောင်နှမနှစ်ယောက်ကို ဝန်းရံအားပေးပြီး ချစ်ခင်နေကြတာ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ ဘုန်းမင်းနဲ့ ထင်သစ္စာတို့က တက်သစ်စအနုပညာရှင်လေးတွေပဲ ဖြစ်ကြပါတယ်။ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ တကယ့်ကိုချစ်ဖို့ကောင်းလွန်းတဲ့ ထင်သစ္စာလေးကိုတော့ ချစ်ခင်အားပေးသူတွေက များပြားနေပြီ ဖြစ်ပါတယ်။ မေမေ့ဆီက သရုပ်ဆောင်ပညာကိုအမွေရထားတဲ့ ထင်သစ္စာလေးက မထင်မှတ်ထားရလောက်အောင် သရုပ်ဆောင်ကောင်းသူလေး ဖြစ်ပါတယ်။

အခုလည်း ထင်သစ္စာလေးက မင်းသမီးရွှေမှုံရတီသရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခုထဲကပုံစံအတိုင်း အပီအပြင် သရုပ်ဆောင်ပြထားပါတယ်။ ထင်သစ္စာလေးက မျက်နှာအမူအရာလေးတွေလုပ်ပြပြီး ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ပြထားကလည်း အရမ်းကို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်ရဲ့သမီးချောလေး ထင်သစ္စာရဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Htin Thit Sar's FB & Tik Tok 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။