ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ဖေဖေ့ရဲ့အနုပညာအမွေတွေကို ဆက်ခံပြီးအနုပညာအလုပ်တွေကို တတ်နိုင်သလောက်လေးလုပ်ဆောင်နေတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးက ကြော်ငြာတွေအများအပြားရိုက်ကူးထားတာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးနေတဲ့မင်းသမီးချောလေးပါနော်။အခုချိန်မှာဆိုရင်တော့ သြစတေးလျမှာလည်း ပညာသွားသင်နေတာဖြစ်လို့ အနုပညာအလုပ်တွေကိုတော့ တစိုက်မက်မက်မလုပ်ကိုင်နိုင်သေးပါဘူးနော်။

Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG

ကျောင်းခဏပိတ်ချိန်ဆိုရင် မြန်မာပြည်ကိုပြန်လာပြီး မိသားစုနဲ့အတူတူ ပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးကာ ကြော်ငြာတွေလည်းရိုက်ကူးပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကတော့ သားချောလေးတစ်ယောက်ကို မွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။

Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG

ပရိသတ်တွေကတော့ အကယ်ဒမီလွင်မိုးကိုလည်းချစ်ခင်အားပေးကြသလို သူ့ရဲ့သမီးလေးယွန်းဝတီလွင်မိုးကိုချစ်ခင်အားပေးကြပါတယ်။အခုဆိုရင်လည်း နောက်ထပ်မျိုးစက်သစ်လေးဖြစ်တဲ့ Liam လေးကိုလည်းပရိသတ်တွေကအရမ်းချစ်ကြပါတယ်နော်။သားလေးတစ်ယောက်မွေးဖွားထားတာတောင် အလှမပျက်တဲ့မေမေယွန်းဝတီလွင်မိုးက အခုဆိုရင်တော့ မိတ်ကပ်မလိမ်းထားတဲ့ သဘာဝအလှလေးကို ဗီဒီယိုရိုက်ပြထားတာဖြစ်လို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG
Photo Credit:yunwaddy's IG

Photo Credit:yunwaddy's IG

Video Credit:yunwaddy's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။