တစ်ခေတ်တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တွေထဲမှာတော့ မင်းသမီးချော ထက်ထက်မိုးဦးက ထိပ်ဆုံးကပါဝင်တာ ဖြစ်ပါတယ်။ ကြော်ငြာဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ ထက်ထက်မိုးဦးက ချစ်စဖွယ်ကောင်းတဲ့ စကားပြောဟန်၊ အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို အရည်ပျော်စေခဲ့သူ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နှစ်တွေဘယ်လိုပြောင်းပြောင်း ထက်ထက်ကိုဆက်လက်အားပေးပြီး ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit-Htet Htet Moe Oo's FB
Photo Credit-Htet Htet Moe Oo's FB
Photo Credit-Htet Htet Moe Oo's FB

ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို နှစ်အတော်ကြာရပ်နားခဲ့တဲ့ ထက်ထက်က အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ထက်ထက်က ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူ Tik Tok ဗီဒီယိုလေးတွေရိုက်ကူးရင်း ပရိသတ်တွေကို အလွမ်းပြေစေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ရှေ့ကို တစ်ဖန်ပြန်လည်ရောက်ရှိလာတဲ့ ထက်ထက်ကတော့ အရင်တုန်းကလို လှနေဆဲ ဖြစ်ပါတယ်။

Photo Credit- Myo Minn Soe's FB
Photo Credit- Myo Minn Soe's FB

အခုလည်း ဒီဇိုင်နာမျိုးမင်းစိုးက ထွန်းထွန်းရဲ့မီးအိမ်ရှင်သီချင်းလေးကို ထက်ထက်မိုးဦးနဲ့အတူ Tik Tok ကစားထားတဲ့ဗီဒီယိုလေးကို တင်ထားပါတယ်။ "ချင်းပြည်ကိုသတိရလို့" ဆိုပြီးတင်ထားတဲ့ ဒီဗီဒီယိုလေးမှာတော့ သူတို့နှစ်ယောက်က တီးလုံးလေးနဲ့အညီ ပျော်ပျော်ရွှင်ရွှင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ထက်ထက်မိုးဦးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Htet Htet Moe Oo's FB & Myo Minn Soe's FB 

Video Credit- Myo Minn Soe's FB  

Photo Credit- Myo Minn Soe's FB
Photo Credit-Htet Htet Moe Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။