မင်းသမီးလေး မေမြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲလေးတွေစတင်ရိုက်ကူးပြီး အောင်မြင်လာခဲ့တာဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့အထိ ဖြစ်ပါတယ်။ ရုပ်ရည်လေးကလည်း ချောမောလှပသလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တာကြောင့် အချိန်တိုအတွင်းမှာတင် အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် မေမြင့်မိုရ်က ဝါရင့်အနုပညာရှင်တွေနဲ့အတူတွဲပြီး သရုပ်ဆောင်နေရတာဖြစ်ပါတယ်။

Photo Credit-May Myint Mo's FB
Photo Credit-ALinn Yaung
Photo Credit-May Myint Mo's FB

အခုလည်း မေမြင့်မိုရ်က နိုင်းနိုင်း၊ ရွှေထူး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ " စတုတ္ထမြောက် သွေးကြောမျှင် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံထားတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ ထိပ်တန်းမင်းသမီးအိန္ဒြာကျော်ဇင်နဲ့ တွဲဖက်ပြီး ဇာတ်ကားကြီးရိုက်ကူးရမှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း မေမြင့်မိုရ်က ဒီဇာတ်ကားကြီးအတွက် တိုင်ပင်ဆွေးနွေးနေကြတဲ့ အဖွဲ့သားတွေရဲ့ပုံလေးတွေကို တင်ထားပါတယ်။

Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB

မေမြင့်မိုရ်က " စတုတ္ထမြောက်သွေးကြောမျှင် ရုပ်ရှင်ဇာတ်ကားကြီး...Pre Production " ဆိုပြီး ပရိသတ်တွေအတွက် ပုံလေးတွေကိုမျှဝေပေးထားတာ ဖြစ်ပါတယ်။ အူဝဲနဲ့ မေမြင့်မိုရ်တို့နှစ်ယောက် ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကားသစ်ကြီးကတော့ ဘယ်လိုပုံစံနဲ့ ပရိသတ်ရှေ့ရောက်ရှိလာမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပြီ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်ချစ်ခင်ခင်နဲ့မြင်တွေ့ရတဲ့ အူဝဲနဲ့ မေမြင့်မိုရ်တို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Myint Mo's FB 

Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။