သရုပ်ဆောင် မင်းသားကြီး မြင့်မြတ်ကတော့ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်သဘောမနောလည်း ကောင်းတာကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပြီး မကြာခင်ရက်ပိုင်းကမှ ရေခဲတောင်မှာ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက် ရိုက်ကူးကာ ပြန်လည်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

Photo Credit:Myat Wai Htun Facebook
Photo Credit:Myat Wai Htun Facebook

မြင့်မြတ်ရဲ့ ချစ်စရာကောင်းလွန်းလှတဲ့သားလေး ဂျူနီယာမြင့်မြတ်လေးတစ်ယောက်ဟာ ချစ်စရာကောင်းလွန်းလှတဲ့အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးထဲမှာ နေရာယူခဲ့တာလည်းဖြစ်ပါတယ်။၀၀တုတ်တုတ် ပါးဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းတဲ့ ဂျူနီယာမြင့်မြတ်လေးကို ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ ဂျင်းကောင်ပေါက်စလေးကို ခေါ်နေကြပါတယ်။

Photo Credit:Myat Wai Htun Facebook
Photo Credit:Myat Wai Htun Facebook

မြင့်မြတ်ကတော့ သူရဲ့ ချစ်စရာကောင်းလွန်းတဲ့ သားလေးကို မြတ်သူလေးလို့ နာမည်ပေးထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆိုက်ကားပတ်စီးကာ ပျော်ရွှင်နေတဲ့ ဂျူနီယာမြင့်မြတ်လေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ ဂျူနီယာ မြင့်မြတ်လေးတစ်ယောက် အရမ်းချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်တာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit:Myat Wai Htun Facebook
Photo Credit:Myat Wai Htun Facebook

Source:Myat Wai Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။